Labels

Show more

Hi !

အကြိုက်ဆုံး ၃ သင်းကို ထုတ်ဖော်ပြောကြားလာတဲ့ မော်ရင်ဟို

 


ယူရို၂၀၂၄မှာ ဗိုလ်စွဲဖို့အတွက် အကြိုက်ဆုံး ၃ သင်းကို ထုတ်ဖော်ပြောကြားလာတဲ့ မော်ရင်ဟို

=========================
.
မော်ဒန်ဘောလုံးမော်ဒန်ဘောလုံးလောကရဲ့ အထူးချွန်ဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုက လာမယ့် ယူရို ၂၀၂၄ မှာ ဗိုလ်စွဲဖို့ ဖြစ်နိုင်ချေအရှိဆုံး ၃ သင်းမှာ အင်္ဂလန်၊ ပြင်သစ်နဲ့ ပေါ်တူဂီတို့ဖြစ်တယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုဗိုလ်လုပွဲမှာ အီတလီကိုရှူံးနိမ့်ပြီး ဆုဖလားကို လက်လွှတ်ခဲ့ရတဲ့ အင်္ဂလန်ဟာ ဒီနှစ် ယူရိုပြိုင်ပွဲမှာတော့ ဗိုလ်စွဲနိုင်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး ဆုဖလားကိုရယူကာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်ဟာ ယူရို ၂၀၂၄ ရဲ့အုပ်စုအဆင့်မှာ စလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆာဘီးယားတို့နဲ့ အုပ်စုတစ်ခုတည်းကျရောက်နေပြီး ပွဲစဉ်တွေကိုတော့ ဇွန်လ ၁၆ ရက်နေ့မှာ စတင်သွားမယ်လို့သိရပါတယ်။
၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလား ဗိုလ်ပွဲမှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်ကလည်း နောက်ထပ်ကြီးမားတဲ့ ခြေလှမ်းတစ်ခုကို လှမ်းနိုင်ဖို့ ပြင်ဆင်နေပြီး ယခုယူရိုပြိုင်ပွဲ အုပ်စုအဆင့်မှာ ပိုလန်၊ နယ်သာလန်၊ ဩစတြီးယားတို့နဲ့ အုပ်စုတစ်ခုတည်းမှာကျရောက်နေပါတယ်။ နောက်ဆုံးကစားထားတဲ့ ပွဲစဉ် ၁၀ ပွဲစလုံးကိုအနိုင်ရရှိထားတဲ့ ပေါ်တူဂီကလည်း နည်းပြရော်ဘတ်တိုမာတီနက်ဇ်ရဲ့ဦးဆောင်မှုနဲ့အတူ ယူရိုဖလားကို နောက်ထပ်တစ်ကြိမ်ဆွတ်ခူးနိုင်ဖို့ အရှိန်အဟုန်နဲ့ ပြင်ဆင်နေပြီး တူရကီ၊ ဂျော်ဂျီယာ၊ ချက် တို့နဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေပါတယ်။
ယမန်နေ့ညက ပြုလုပ်ခဲ့တဲ့ ဂုဏ်ပြုပွဲတစ်ခုမှာတော့ ပေါ်တူဂီသား မော်ရင်ဟိုက "ကျွန်တော့်အတွက်တော့ ဒီနှစ် ယူရိုဖလားပြိုင်ပွဲမှာ အင်အားအကြီးဆုံး ၃ သင်းက အင်္ဂလန်၊ ပြင်သစ်နဲ့ ပေါ်တူဂီတို့ပါ။ မထင်မှတ်ထားတာတွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားအရည်အသွေးနဲ့ အရည်အတွက်ပိုင်းမှာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ပေါ်တူဂီက ဖြစ်နိုင်ချေ ထိပ်ဆုံး ၃ သင်းစာရင်းထဲမှာပါပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးမော်ရင်ဟိုက သူ့အနေနဲ့ ပေါ်တူဂီနည်းပြအဖြစ်ဆောင်ရွက်ဖို့နီး စပ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိနည်းပြ မာတီနက်ဇ်ကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
မော်ရင်ဟိုက "ကျွန်တော့်အနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဖြစ်နိုင်ချေရှိခဲ့ပါတယ်။ တကယ်ကို အနီးစပ်ဆုံး ဖြစ်နိုင်ခဲ့ဖူးတာပါ။ အခုချိန်မှာတော့ အသင်းက အရမ်းကောင်းတဲ့နည်းပြနဲ့ အရမ်းကောင်းတဲ့ မျိုးဆက်တစ်ခုကြောင့် ယူရိုမှာအနိုင်ရဖို့ နီးစပ်နေပါတယ်။ သူတို့ ကောင်းကောင်းကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ ကမ္ဘာ့ဖလားမှာလည်း ဆက်လက်ပြီး အောင်မြင်မှု ရစေချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရိုးမားကနေ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေကာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီသားက "ဘာတွေဖြစ်လာဖြစ်လာ တစ်ခုခုတော့ ဖြစ်လာမှာပါ။ ကျွန်တော်ရဲ့ သမိုင်းကြောင်းက ခိုင်မာမှုရှိပါတယ်။ ကျွန်တော် ကိုင်တွယ်တဲ့အသင်းတွေက ဗိုလ်စွဲနိုင်တဲ့ အခြေအနေမရှိတာကြောင်း ပရိသတ်တွေက ကျွန်တော့်ကို အောင်မြင်မှုရမယ်လို့ မျှော်လင့်ချက်ထားကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကျွန်တော် ဥရောပဗိုလ်လုပွဲ ၂ ကြိမ်ကစားခဲ့ပြီး နောက်ထပ်လည်း ထပ်ကစားချင်ပါသေးတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Comments

Click !

Hey !