Labels

Show more

Hi !

တိုနေးကို ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်



 နာမည်ကြီးဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အထောင် တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ရှိနေရာ အိုင်ဗန် တိုနေးက ယူနိုက်တက်အတွက် အကောင်းဆုံး ပစ်မှတ် ဖြစ်လာနိုင်တယ်လို့သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့
လမ်းခွဲခဲ့ပြီး နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်ကို အငှားနဲ့ခေါ်ယူခဲ့ပေမယ့် ခြေစွမ်းပိုင်းကို နှစ်သက်ခြင်း မရှိလို့
အပြီးသတ် မခေါ်ယူခဲ့ပဲ ဒီနွေမှသာ အတ္တလန်တာက ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကို အရ
ယူခဲ့ပါတယ်။
ဟွိုင်လန်းက တဖြည်းဖြည်းနဲ့ ယူနိုက်တက် တိုက်စစ်ပိုင်းအတွက် အားထားရတဲ့ တိုက်စစ်မှူး ဖြစ်လာရပေမယ့်လည်းသူရဲ့ကြံခိုင်မှုအပိုင်းက စိတ်ချရတဲ့ အနေအထားမှာ ရှိမနေသေးသလို အန်တိုနီ မာရှယ်ကလည်မကြာခဏ ဒဏ်ရာရနေတက်တာက ယူနိုက်တက်အတွက် ခေါင်းခဲစရာ ဖြစ်နေရပါတယ်။
ဒါ့အပြင် မာရှယ်က ဒီရာသီအကုန်မှာပဲ အသင်းကနေအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မှာဖြစ်လို့ ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်မှာ ဟွိုင်လန်းတစ်ဦးတည်းသာ ကျန်ရှိနေတော့မှာဖြစ်ပြီး ဟွိုင်လန်း မကစားနိုင်ရင် ရပ်ရှ်ဖို့ဒ်ကို တောင်ပံကနေ အထောင်တိုက်စစ်မှူးအဖြစ်ပြောင်းလဲ အသုံးပြုရနိုင်ပါတယ်။
ရပ်ရှ်ဖို့ဒ်က အထောင်တိုက်စစ် ကစားသမားစစ်စစ် မဟုတ်တာကြောင့် ယူနိုက်တက်အနေနဲ့ ဟွိုင်လန်းနဲ့အပြိုင် နေရာလုနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို လာမယ့်နွေမှာပဲ ခေါ်ယူသွားနိုင်ပြီး အဲ့ဒီအတွက် ဘရန့်ဖို့ဒ်ရဲ့ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးက အကောင်းဆုံး အခွင့်အရေး ဖြစ်လာနိုင်တယ်လို့ ရိုမာနိုက သုံးသပ်ထားပါတယ်။
ရိုမာနိုရဲ့ ပြောကြားချက်အရ ယူနိုက်တက်အသင်းအနေနဲ့
လာမယ့်နွေမှာ အထောင်တိုက်စစ် နေရာအတွက် ဘယ်လိုတိုက်စစ်မှူးမျိုးကို ခေါ်ယူမလဲဆိုတာ ကလပ်အတွင်းဆွေးနွေးမှုတွေ လုပ်ဆောင်မှာ သေချာနေပြီး အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးကို ခေါ်ယူမယ်ဆိုရင်တော့ တိုနေးကအကောင်းဆုံး option ဖြစ်တယ်လို့ ရိုမာနိုက မှတ်ချက်ပြုထားပါတယ်။

Comments

Click !

Hey !