Labels

Show more

Hi !

ဘယ်သွားမှာလဲ အလွန်ဆို .......

 


ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြဖြစ်သူ တူချယ်လ်ကို ရာထူးက ထုတ်ပယ်ဖို့ နီးစပ်နေပြီး

တူချယ်လ်ရဲ့နေရာမှာ ဇာဘီအလွန်ဆိုနဲ့အစားထိုးဖို ဆန္ဒရှိနေတယ်လို့ သတင်းထွက်လာပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါနောက်ဆုံးပွဲမှာ ချန်ပီယံဆုအတွက်အဓိကပြိုင်ဘက် လေဗာကူဆင်ကို ၃-၀ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ၅ မှတ်ကွာဟနေပြီဖြစ်သလိုချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်၊ ပထမအကျောပွဲမှာလည်း လာဇီယိုကို ၁-၀ ဂိုးနဲ့ရှုံးခဲ့ပြန်ပါတယ်။

အလွန်ဆိုလက်ထက်မှာ လေဗာကူဆင်အသင်းဟာ မယုံနိုင်လောက်အောင် တိုးတက်လာပြီးအခုလောလောဆယ် ဘွန်ဒစ်လီဂါမှာ ရှုံးပွဲမရှိမှတ်တမ်းနဲ့ အဆင့် ၁ နေရာ ရပ်တည်နေသလိုပြိုင်ပွဲစုံမှာလည်း ၃၁ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပါဘူး။

အလွန်ဆိုကို သူ့အသင်းဟောင်း လီဗာပူးလ်က ဒီရာသီကုန်ကျရင် လမ်းခွဲတော့မဲ့နည်းပြယာဂန်ကလော့ပ်ရဲ့ နေရာအစားထိုးဖို့ပစ်မှတ်ထားနေပြီး အခု ဘိုင်ယန်မြူးနစ်အသင်းကလည်း လီဗာပူးလ်နဲ့အပြိုင် အလွန်ဆိုကို

ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဗြိတိန်သတင်းစာ The Times က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာဒုတိယ၊ ဂျာမန်ဖလားပြိုင်ပွဲ ဒုတိယအဆင့်ကနေ ထွက်ခဲ့ရပြီးချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်တက်ဖို့ ရုန်းကန်ရမှာဖြစ်သလို၁၁ ရာသီဆက်တိုက် ဗိုလ်စွဲခဲ့တဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ မသေချာတော့ပါဘူး။

တကယ်လို့ ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီကုန်မှာ ဖလား ၁ လုံးမှ မရခဲ့ရင် ၂၀၁၁-၁၂ ရာသီနောက်ပိုင်း

ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီးတူချယ်လ်ဟာလည်း အသင်းနဲ့လမ်းခွဲရဖို့ သေချာသွားနိုင်ပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်သူ အလွန်ဆိုဟာ ဘောလုံးသမားဘဝတုန်းက လီဗာပူးလ်၊ဘိုင်ယန်မြူးနစ်တို့မှာကစားခဲ့ဖူးတဲ့အပြင် နှစ်သင်းစလုံးနဲ့ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကြောင့်သူ့အသင်းဟောင်း နှစ်သင်းထဲက ဘယ်အသင်းကို ရွေးချယ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဗြိတိန်မီဒီယာတွေကတော့ အလွန်ဆိုဟာ ရာသီကုန်ကျရင် လီဗာပူးလ်ကိုပဲ ရောက်လာဖို့ရှိတယ်လို့ခန့်မှန်းနေကြပြီး မဲဆန္ဒကောက်ခံမှုအရ လီဗာပူးလ်ပရိသတ် ၆၃ % ကလည်းသူတို့အသင်းနည်းပြသစ်အဖြစ် အလွန်ဆိုကို ခန့်အပ်စေချင်နေတာဖြစ်ပါတယ်။

Comments

Click !

Hey !