Labels

Show more

Hi !

အလွန်ဆိုဟာ လာမယ့်ရာသီ လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ ရာခိုင်နှုန်းများ

 


အလွန်ဆို၊ လီဗာပူး၊ ဘိုင်ယန်နှင့် အတွေးများ...

အလွန်ဆိုဟာ လာမယ့်ရာသီ လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ ရာခိုင်နှုန်းများသွားပြီလို့ သိရပါတယ်။ ဒါဟာ အနည်းငယ် အံ့အားသင့်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ပါပဲ...
ဘာဖြစ်လို့လဲဆိုရင် အလွန်ဆိုနဲ့ တစ်စုံတစ်ရာ ချိတ်ဆက်ပတ်သက်မှုရှိနေတဲ့ အသင်းကြီးတွေထဲက လီဗာပူးရော၊ ဘိုင်ယန်မြူးနစ်ရော ရာသီကုန်မှာ နည်းပြရာထူးလစ်လပ်သွားတော့မှာမို့လို့ ဖြစ်ပါတယ်။ အလွန်ဆိုရဲ့ နည်းပြအရည်အသွေးအရ အသင်းကြီးတစ်သင်းကို ကိုင်တွယ်ဖို့ ဘာမှမခက်ပေမယ့် လီဗာပူး ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ဖို့ဆိုရင်တော့ နောက်တစ်နှစ်၊ နောင်တစ်ချိန်မှာ တိုက်ဆိုင်မှုရှိချင်မှရှိနိုင်မယ်မဟုတ်လား။ ဒါကြောင့် ဒီအခွင့်အရေးကို အလွန်ဆို အရယူလိမ့်မယ်၊ လီဗာပူးဖြစ်ဖြစ် ဘိုင်ယန်မြူးနစ်ဖြစ်ဖြစ် သူရောက်လာမယ်လို့ မှန်းထားတဲ့ ပရိသတ်တွေ အများကြီးရှိခဲ့တယ်...
ဒါပေမယ့် လာမယ့်နှစ် သူလေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ အတော်သေချာသွားပြီဖြစ်ကြောင်း Romano, Ornsteinနဲ့ James Pearceတို့လို ယုံကြည်ရတဲ့ သတင်းsourceတွေက တညီတညွတ်ထဲ ဖော်ပြလာပါတယ်...
But why???
ဖြစ်နိုင်ချေအများဆုံးကတော့ လေဗာကူဆင်ဖက်က အလွန်ဆိုကို လက်မလွှတ်ချင်တာပဲ ဖြစ်ပါလိမ့်မယ်။ အလွန်ဆိုနဲ့ လေဗာကူဆင်ရဲ့ စာချုပ်အရလည်း "စာချုပ်ဖျက်သိမ်းကြေး"က 2025ဇွန်ကျမှ အသက်ဝင်မှာ ဖြစ်နေတယ်...
ဒါကြောင့် အဲ့ဒီမတိုင်ခင် တခြားအသင်းတစ်သင်းက အလွန်ဆိုကို ခေါ်ယူဖို့ ကြိုးစားမယ်ဆိုရင် လေဗာကူဆင်ဖက်က ကြိုက်ဈေးခေါ်လို့ရတဲ့ အနေအထားဖြစ်တာကြောင့် နည်းနည်းခက်ခဲပါလိမ့်မယ်...
အလွန်ဆိုအနေနဲ့လည်း သူ့ကို ယုံယုံကြည်ကြည်နဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့တဲ့၊ အခွင့်အရေးပေးခဲ့တဲ့ လေဗာကူဆင်ကို ကန်ထွက်ထွက်ချင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် လေဗာကူဆင်မှာ အနည်းဆုံးနောက်တစ်နှစ်ဆက်ရှိနေဖို့ အတော်သေချာသွားတာ ဖြစ်နိုင်ပါတယ်...
ဒါမှမဟုတ် အလွန်ဆိုကိုယ်တိုင်က လေဗာကူဆင်မှာ သူ့အလုပ်တွေ မပြီးပြတ်သေးဘူးလို့ ယူဆထားတာလည်း ဖြစ်နိုင်တယ်။ အန်ချလော့တီခေတ်လွန် ရီးယဲလ်နည်းပြရာထူးကို မှန်းထားလို့ ခဏဆက်စောင့်နေတာလည်း ဖြစ်နိုင်တာပါပဲ။ ဒါမျိုးတွေက လက်ဆုပ်လက်ကိုင်ပြဖို့ ခက်တာကြောင့် ကျနော်တို့အနေနဲ့ ခန့်မှန်းရုံလောက်ပဲ တတ်နိုင်ပါလိမ့်မယ်...
ဒါဟာ အလွန်ဆိုအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒီနှစ်ဘွန်ဒက်စ်လီဂါဖလားကို သူတို့ရပြီလို့ အကြမ်းဖျင်းပြောနိုင်လောက်တဲ့ အနေအထားဆိုတော့ နောက်တစ်နှစ်မှာ ထပ်ပြီးတိုးတက်အောင်လုပ်ဖို့က ခက်ခဲနိုင်ပါတယ်။ ဖရင်ပေါင်၊ ဂရီမယ်လ်ဒိုနဲ့ ဖလော်ရီယန်ဗစ်ဇ်အပါအဝင် ထောက်တိုင်ကစားသမားတွေကိုလည်း အသင်းကြီးတွေက ဈေးကြီးပေးခေါ်ဖို့ ကြိုးစားလာတာမျိုး ကြုံရနိုင်တယ်။ လက်ရှိလေဗာကူဆင်ရဲ့ ဘဏ္ဍာရေးအင်အားအရ ဒီကမ်းလှမ်းမှုတွေကို တောင့်ခံဖို့ ခက်ခဲနိုင်ပါတယ်...
ဒါတွေကပြောဖို့တော့ စောသေးတယ်။ လောလောဆယ်အရေးကြီးတာက ကိုယ့်လက်ထဲ ရောက်လုနီးပါးဖြစ်နေတဲ့ ဘွန်ဒက်စ်လီဂါဖလားကို အမှားအယွင်းမရှိ ဆွတ်ခူးနိုင်ဖို့နဲ့ ယူရိုပါလိဂ်မှာ တတ်နိုင်သလောက် အဆင့်မြင့်မြင့် ဆက်သွားနိုင်ဖို့၊ ဖြစ်နိုင်ရင် ဒီဖလားကိုပါ ရည်မှန်းထားနိုင်ဖို့ပါပဲ...
လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်နှစ်သင်းစလုံးကတော့ ရာသီကုန်မှာ အလွန်ဆိုကို နည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်နိုင်ဖို့ ဖြစ်နိုင်ချေနည်းသွားပြီဆိုတာ လက်ခံလိုက်ပြီ၊ တခြားသောပစ်မှတ်တွေကိုသာ ပိုမိုဦးစားပေးကြိုးစားသွားဖို့ ရှိနေပြီလို့ သိရပါတယ်...
ဘာနေနေ အလွန်ဆိုနဲ့ လေဗာကူဆင်နောက်တစ်နှစ်ကတော့ စိတ်လှုပ်ရှားစရာပါပဲ...



Comments

Click !

Hey !