Labels

Show more

Hi !

ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့အတွက် ကစားသမားတွေကို ရှင်းထုတ်မယ့် မန်ယူရဲ့ Plan အသစ်

 


ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့အတွက် ကစားသမားတွေကို ရှင်းထုတ်မယ့် မန်ယူရဲ့ Plan အသစ်
မန်ယူအသင်းဟာ လာမယ့်ဘောလုံးရာသီကျရင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အတွက် ကစားသမားတွေကို ရောင်းထုတ်ပြီး သွေးသစ်လောင်းတော့မယ်လို့ သိရပါတယ်။ အခုလို ရောင်းထုတ်မယ့် စာရင်းထဲမှာ ဦးစားပေး ပွဲထွက်ခွင့်ရနေတဲ့ ကစားသမား ၁၁ ယောက်အထိ ရှိနေပါတယ်။ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်ကြီး ဆာဂျင်ရက်ကလစ်ဖ်ဟာ ပူးတွဲအသင်းပိုင်ရှင် ဖြစ်လာမှုနဲ့အတူ မန်ယူကိုလည်း မွမ်းမံပြင်ဆင်မှုတွေ လုပ်နေပြီး လာမယ့်ရာသီအတွက် ကစားသမားအင်အား သွေးသစ်လောင်းမှုတွေ လုပ်ဖို့ စီစဉ်နေပါ ပြီ။ ဒါပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ မတိုင်ခင် ဈေးကွက်နှစ်ခုမှာတင် ပေါင်သန်း ၄၀၀ ကျော် သုံးပစ်ခဲ့တဲ့ နည်းပြအဲရစ်တန်ဟတ်ရဲ့ အသင်းဟာ ငွေထပ်သုံးမယ်ဆိုရင် ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်းနဲ့ ငြိစွန်းဖို့ ရှိနေပါတယ်။
ဒါကြောင့် လက်ရှိအသင်းက အရွယ်ကျနေပြီဖြစ်တဲ့ ကစားသမားတွေကို ဖယ်ထုတ်ပြီး အင်အားသစ်ဖြည့်တင်းဖို့ လုပ် တော့မှာပါ။ အဲဒီလို လုပ်တဲ့ နေရာမှာ ဦးစားပေး ပွဲထွက်ခွင့်ရနေတဲ့ ကစားသမား ၁၁ ယောက်အထိ ပါနေပြီး မက်ဂွိုင်းယား၊ ဗာရန်း၊ ကက်စ်မီရို၊ ဝမ်ဘစ်ဆာကာ၊ တွမ်မီနေး၊ လင်ဒီလော့ဖ်နဲ့ အဲရစ်ဆင်တို့ပါ ရှိနေတယ်လို့ သိရပါတယ်။ နောက်ပြီး လက်ရှိမှာ အငှား ချခံထားရတဲ့ ဆန်ချို၊ ဗန်ဒီဘိခ်၊ ပယ်လီစထရီနဲ့ ဝီလီယံတို့လည်း ပါသွားနိုင်တယ်လို့ ESPN သတင်းဌာနက ရေးသားဖော်ပြပါတယ်။ အဲဒီ အငှားချထားခံထားရတဲ့ ကစားသမား ၄ ယောက်စလုံးကတော့ ရာသီအကုန်မှာ အသင်းကနေ ထွက်သွားဖို့ ခွင့်ပြုပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစာရင်းထဲမှာ ပြင်သစ်သား တိုက်စစ်မှူး မာရှယ်က ထိပ်ဆုံးက ရှိ နေတာပါ။
ယူနိုက်တက်ရဲ့ အကြီးအကဲတွေဟာ အသင်းလူစာရင်းကို အင်အားတောင့် သွားဖို့အတွက် လာမယ့် နွေရာသီဈေးကွက်မှာ အစွမ်းကုန် လုပ်တော့မှာဖြစ်ပြီး အထူးသ ဖြင့် ခံစစ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အသင်းရဲ့ ပူးတွဲပိုင် ရှင် တရားဝင် ဖြစ်လာပြီးတဲ့နောက် ရက်ကလစ်ဖ်ဟာ နည်းပြဟောင်း ဖာဂီရဲ့ လေသံ အတိုင်း လိုက်ပြောနေပြီး မန်စီးတီးနဲ့ လီဗာပူးတို့ကို အပြတ်ချေမှုန်းပစ်မယ့် အကြောင်း တွေနဲ့ ပရီးမီးယားလိဂ်ဖလားကို ချက်ချင်းဆိုသလို အတတ်နိုင်ဆုံး ပြန်ယူပြဖို့ လုပ်ပြမယ် လို့ ကြွေးကြော်ထားသူပါ။ 

 

Comments

Click !

Hey !