Labels

Show more

Hi !

မန်ယူရဲ့ ထိပ်ဆုံး ၄ သင်းဝင်ရောက်ခွင့်

 


မန်ယူကတော့ လူတန်တောင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် အနိုင်ရခဲ့ပါပြီ။ ပြိုင်ပွဲစုံဆိုရင်တော့ ၅ ပွဲဆက်တိုက် အနိုင်ရခဲ့တာပါ။ မန်ယူဟာ ပိုင်ရှင်သစ်အပြောင်းအလဲမှာ စွမ်းအားသစ်တွေရလာသလားမသိဘူး။ အသင်းပိုင်ရှင်တွေရဲ့အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာခြင်းနဲ့အတူ မန်ယူအသင်းရဲ့ရလဒ်တွေလည်း တောက်လျှောက်ကောင်းလာတော့တာပါပဲ။
.
မန်ယူဟာ အခုလို နိုင်ပွဲတွေဆက်လာပြီးတဲ့နောက် ရမှတ် ၄၄ မှတ်နဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အက်စ်တွန်ဗီလာနဲ့ ၅ မှတ်ပဲ ကွာတော့တယ်။ မန်ယူနည်းပြတန်ဟက်က အခုအချိန်ကစပြီး ချန်ပီယံလိဂ်ဝင်ခွင့်သေချာစေဖို့အတွက် အမှားခံလို့မရတော့ဘူးလို့ အသင်းသားတွေကို တပ်လှန့်နှိုးဆော်ခဲ့တယ်။
.
မန်ယူဟာ ဗီလာနဲ့ ၅ မှတ်ကွာပြီး အဆင့် ၅ နေရာက စပါးနဲ့ ၃ မှတ်ပဲ ကွာတော့တာပါ။ ဗီလာရော စပါးပါ နောက်ပိုင်းမှာ ရလဒ်တွေ ယိမ်းယိုင်လာတယ်။ ရာသီအစကခြေစွမ်းမျိုး မဟုတ်တော့ဘူး။ မန်ယူကတော့ ရာသီစကတည်းက ရုန်းကန်လာလိုက်ရတာ ၂၀၂၄ ခုနှစ်ထဲရောက်လာတော့မှ ခြေငြိမ်လာတော့တယ်။ မန်ယူအတွက် နမိတ်ကောင်းပဲလို့ ဆိုရမယ်။
.
ဗီလာနဲ့စပါးတို့ ရလဒ်ကျဆင်းနေတာကို မန်ယူ အခွင့်အကောင်းယူနိုင်ဖို့ လိုတယ်။ မန်ယူမှာလည်း အားနည်းချက်တွေ တဖြည်းဖြည်းလျော့ကျလာတာတွေ့ရတယ်။ အသင်းကစားပုံက အကောင်းဆုံးဖြစ်မလာသေးပေမယ့် အရင်ထက်ပိုကောင်းလာတာတော့ သေချာတယ်။ တိုက်စစ်ပိုင်းကလည်း ဂိုးမြူးနေတယ်။ အထူးသဖြင့် ဟွိုက်လန်းပေါ့။ ရပ်ရှ်ဖို့ဒ်၊ ဂါနာချိုတို့လည်း အားကိုးနေရပြီ။
.
ကွင်းလယ်ပိုင်းနဲ့ခံစစ်ပိုင်းလည်း မဆိုးလှဘူး။ အိုနာနာက လူတန်ရဲ့ချေပဂိုးကို ခွင့်ပြုပေးလိုက်ရတာက ကပြနေသလားထင်ရပေမယ့် သူလည်း နောက်ပိုင်းမှာ စွမ်းဆောင်ရည်တက်လာတယ်။ အရင်လို ဖုန်းတစ်ဂိုးရှင် ဂိုးသမားမဟုတ်တော့ဘူး။ ကွင်းလယ်မှာ မိုင်နူးနဲ့ကက်စ်မီရိုတို့ဟန်ချက်ညီအတွဲမိနေသလို လိုအပ်ရင် အသင်းကို ကယ်တင်ပေးနိုင်တဲ့ စူပါဆပ်တွေလည်း ရှိနေသေးတယ်။
.
မန်ယူဟာ ဖူလ်ဟမ်နဲ့ပွဲပြီးရင် မန်စီးတီးကွင်းကို သွားကစားရမယ်။ မန်စီးတီးနဲ့ပွဲမှာ တန်ဟက်တို့အဖွဲ့သားတွေ ဘယ်လိုစွမ်းဆောင်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပဲ။ မန်စီးတီးနဲ့ပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ်ပါ မန်ယူရဲ့ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်ခွင့်က အရင်နဲ့စာရင်တော့ ပိုပြီးမျှော်လင့်ချက်ရှိလာတာ အမှန်ပါပဲ။

Comments

Click !

Hey !