Labels

Show more

Hi !

ဘရန်ဖို့ဒ် 1-1 ယူနိုက်တက် BrentFord 1-1 Man United

 


ဘရန်ဖို့ဒ် 1-1 ယူနိုက်တက် ပွဲပြီးအတွေးများ...

ဒီပွဲကို ဘရန်ဖို့ဒ် ဘာလို့မနိုင်သွားတာလဲ???
အဲ့ဒါကပဲ ဒီပွဲနဲ့ပတ်သက်ပြီး အံ့သြစရာကောင်းတဲ့မေးခွန်းဖြစ်ပါတယ်။ ဘရန်ဖို့ဒ်ဟာ ယူနိုက်တက်ဖက်ကို စုစုပေါင်း ဂိုးပေါက်ခြိမ်းခြောက်မှု ၃၁ကြိမ်ထိ လုပ်နိုင်ခဲ့တယ်။ မတ်လဆန်းတုန်းက အီတီဟတ်မှာ မန်စီးတီးက ယူနိုက်တက်ကို ပြတ်ပြတ်သားသား အသာစီးနဲ့ အနိုင်ကစားခဲ့စဉ်တုန်းကတောင် တစ်ပွဲလုံးမှာ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၇ကြိမ်ပဲ ရှိခဲ့တာဖြစ်ပါတယ်...
ဒါ့အပြင် ဒီပွဲမှာ ဘရန်ဖို့ဒ်ကစားသမားတွေဟာ ယူနိုက်တက်၁၈ကိုက်စည်းထဲမှာ ဘောလုံးထိချက် ၈၅ကြိမ်ထိ ရှိခဲ့တယ်။ ၈၅ကြိမ်တိတိပါ...
ဒါဟာ နောက်ဆုံး၃ရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ အသင်းတစ်သင်းက ပြိုင်ဖက်ဂိုးဧရိယာထဲမှာ ဘောလုံးထိချက်အများဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်...
အကြောင်းကြောင်းကြောင့် ဒီပွဲမကြည့်လိုက်ရတဲ့၊ မကြည့်ဖြစ်လိုက်တဲ့သူတွေအတွက် ယူနိုက်တက်ဘယ်လောက် အခြေအနေဆိုးနေသလဲ။ သူတို့ကို ဘရန်ဖို့ဒ်က ဘယ်လောက်တောင် ပြတ်ပြတ်သားသား အသာစီးယူထားခဲ့သလဲ ထင်ရှားစေလောက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေဖြစ်ပါတယ်...
ပွဲကြည့်လိုက်ရတဲ့သူတွေအတွက်တော့ အထွေအထူးကို ပြောစရာမလိုလောက်ပါဘူး။ ယူနိုက်တက်ဘယ်လောက် အခြေအနေဆိုးခဲ့သလဲဆိုတာ ထင်ရှားနေပြီးသားပါပဲ...
ဘာကြောင့် ဒီလိုအခြေအနေဆိုးနေရသလဲဆိုတာကတော့ ပြောရမှာ ပျင်းစရာတောင် ကောင်းပါတယ်။ သေချာခိုင်မာတဲ့ ကစားကွက်တည်ဆောက်မှုမျိုး လုံးဝမရှိတာ၊ ခံစစ်အသားပေးပြီး quick counterတစ်ပေါက်ကိုပဲ မျှော်တတ်တာ၊ ပြေးအားတိုးအား လုပ်အားနှုန်းချင်း ယှဉ်ကစားရပြီဆိုရင် ပြတ်ပြတ်ကျန်ခဲ့တာ စသည်ဖြင့် တစ်ရာသီလုံး ကျနော်တို့မြင်တွေ့နေရတဲ့၊ ဆွေးနွေးနေရတဲ့ အားနည်းချက်တွေပါပဲ...
ဒီပွဲမှာတော့ နောက်တစ်ခုတိုးလာခဲ့တယ်။ ဘာတွေဘယ်လောက် အခြေအနေဆိုးဆိုး အတိုင်းအတာတစ်ခုထိ အလုပ်ဖြစ်ခဲ့တယ်လို့ပြောရမယ့် quick counterတွေကပါ ဒီပွဲမှာ အလုပ်မဖြစ်ခဲ့တာပါပဲ...
နည်းပြတန်ဟတ်ဟာ လီဗာပူးနဲ့ပွဲတုန်းက ပွဲထွက်လူစာရင်းအတိုင်းပဲ ဆက်သုံးခဲ့တယ်။ ဒါပေမယ့် အဲ့ဒီပွဲတုန်းက မိနစ်၃၀ကျော်လောက် အလုပ်ဖြစ်ခဲ့တဲ့ ကစားကွက်တည်ဆောက်မှုပိုင်း၊ counter-pressingပိုင်းတွေ၊ မိနစ်၈၀နောက်ပိုင်း ရုန်းကစားနိုင်မှုအပိုင်းတွေကို ဒီပွဲမှာတော့ တစ်ခုမှ မမြင်ခဲ့ရပါဘူး...
ဘရန်ဖို့ဒ်ရဲ့ 3-5-2 mid-blockကိုကျော်ဖြတ်ဖို့ ယူနိုက်တက်မှာ ဘာအဖြေမှကို မရှိခဲ့သလို တိုနေးနဲ့ ဝစ်ဆာဆီ long passတွေတိုက်ရိုက်ပေးပြီး တိုက်စစ်ဆင်ကစားနေတာကို ကြုံသလိုဖြတ်ထုတ်ဖို့ကလွဲရင် ဘာခံစစ်planမှလည်း မတွေ့ခဲ့ရပါဘူး...
"မိုင်နူးလေးဘယ်ရောက်သွားတာလဲ"လို့ တချို့ကမေးခွန်းထုတ်လာကြတာလည်း ရှိတယ်။ ကျနော်တို့ကလည်း မိုင်နူးကို အတော်လေးhypeထားခဲ့တာကိုး။ အဖြေကတော့ ရှင်းပါတယ်။ မိုင်နူး ဘယ်မှရောက်မသွားပါဘူး။ သူရှိပါတယ်...
အစကတည်းက ကျနော်လည်း ရှင်းရှင်းလင်းလင်းပြောထားသလို ကျနော်ပြောပြောမပြောပြော ယူနိုက်တက်ပရိသတ်တွေ သိထားတာက မိုင်နူးဟာ တစ်ရာသီသွင်းဂိုး၁၀ဂိုးအထက်၊ ဂိုးဖန်တီးမှု၁၀ကြိမ်အထက်နဲ့ အသင်းကို ကူညီပေးမယ့် profileမျိုးမဟုတ်ပါဘူး။ single pivotအနေနဲ့ ကစားရချိန် သူ့ရဲ့အဓိကတာဝန်သည် တိုက်စစ်နဲ့ခံစစ်ကို ချိတ်ဆက်ပေးဖို့ပါပဲ...
အခုပွဲထွက်၁၁ယောက်မှာ ခံစစ်၅ယောက်-တိုက်စစ်၅ယောက်လို့ ယေဘုယျဆိုနိုင်ပါတယ်။ ခံစစ်၅ယောက်မှာ အိုနာနာ၊ ဒါလော့၊ ဗာရန်း၊ လင်ဒီလော့ဖ်နဲ့ ဘစ္စကာဖြစ်ပြီး တိုက်စစ်၅ယောက်ကတော့ ဂါနာချို၊ တိုမီနေး၊ ဟွိုက်လန်း၊ ဘရူနိုနဲ့ ရပ်ဖို့ဒ်ပါပဲ...
သူတို့၅ယောက်နှစ်တွဲကို ချိတ်ဆက်ပေးဖို့တာဝန်ကို မိုင်နူးက တစ်ယောက်ထဲနီးပါး ယူထားခဲ့ရတာဖြစ်ပါတယ်။ ခံစစ်နဲ့တိုက်စစ် linkတွေအတွက် မိုင်နူးဟာ အသင်းဖော်တွေရဲ့ ကူညီမှုကို လုံးဝမရခဲ့သလောက်နီးနီးပါပဲ...
တစ်ခါတစ်လေ ဘရူနိုဆင်းကူပေးပေမယ့် သူက No.10 roleအနေနဲ့ တိုက်စစ်ရဲ့ focal pointဖြစ်နေတယ်။ သူအမြဲပြန်ဆင်းလာလို့ အဆင်မပြေဘူး။ တိုမီနေးကတော့ False 6လို့ ပြောရလောက်အောင်ကို ကစားကွက်တည်ဆောက်မှုပိုင်းမှာ အထောက်အကူမဖြစ်သလောက်နည်းတဲ့ ကွင်းလယ်လူမျိုးဖြစ်ပါတယ်...
အကျိုးဆက်အနေနဲ့ မိုင်နူးဟာ ကြံ့ခိုင်မှုအသားပေးနဲ့ တွန်းတွန်းတိုက်တိုက်ကစားတတ်တဲ့ မားသီးယပ်စ်ယန်ဆန်၊ ဗစ်တာလီဂျနတ်၊ ယာမိုလ်ယက်ခ်တို့ရဲ့ ဘရန်ဖို့ဒ်သုံးယောက်တန်းကွင်းလယ်ကို တစ်ယောက်ထဲနီးနီး ယှဉ်တိုက်ပြီး ခံစစ်နဲ့တိုက်စစ်ကို ချိတ်ပေးဖို့၊ ခံစစ်ကြောင်းရှေ့က spaceတွေကို coverလုပ်ပေးဖို့ ကြိုးစားခဲ့ရတယ်။ သူမအောင်မြင်ခဲ့ဘူးပေါ့... ဒါလည်းမဆန်းပါဘူး။ (ဒီတစ်ပွဲစာမှာ) အစကတည်းက မဖြစ်နိုင်တဲ့တာဝန်ကြီးကို ယူထားခဲ့ရတာကိုး...
ပွဲချိန်၉၆မိနစ်မှာ လူစားဝင်မေဆန်မောင့်က ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းလိုက်နိုင်တော့ ယူနိုက်တက်နိုင်ပွဲရသွားပြီလို့ ထင်ချင်စရာဖြစ်ခဲ့တယ်။ ဒါပေမယ့် နောက်ထပ်၃မိနစ်အကြာမှာပဲ တိုနေးရဲ့ cut-backပေးပို့မှုကနေ အေဂျာက ချေပဂိုးပြန်သွင်းသွားပါတယ်...
ဂိုးရလဒ်ကိုကြည့်ရင်တော့ ယူနိုက်တက် အနိုင်ရမလိုဖြစ်ပြီးမှ ၂မှတ်ဆုံးရှူံးခဲ့တယ်လို့ ထင်ချင်စရာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းခြေစွမ်းပိုင်း၊ နည်းဗျူဟာပိုင်းတွေအရ ဒီပွဲမှာ ၂မှတ်ဆုံးရှူံးခဲ့တာက ယူနိုက်တက်မဟုတ်ပါဘူး။ ဘရန်ဖို့ဒ်ပါပဲ...
Ref: The Athletic
Ads: 18+, gambling responsibility
ဥရောပထိပ်တန်းလိဂ်တွေအပါအဝင် ကမ္ဘာတဝှမ်းက ဘောလုံးပွဲတွေကို အသာဆုံးကြေးတွေနဲ့ WIN666YGN မှာတိုက်ရိုက်လောင်းလို့ရပါပြီ။ ယုံကြည်စိတ်ချရတဲ့ ၂၄နာရီငွေသွင်းငွေထုတ်နဲ့ တပွဲကို သိန်း၁၀၀အထိ လောင်းလို့ရတဲ့အတွက်လက်ကြီးသမားတွေအတွက်လည်း ယူနစ်ခွဲရိုက်စရာမလိုတဲ့အတွက် အဆင်ပြေပါတယ်။


Comments

Click !

Hey !