Labels

Show more

Hi !

ကျနော့်အမေက ကျနော့်ရဲ့ ဘော့စ်ပဲ Totti

 


ကျနော့် အသက် ၁၂ နှစ်အရွယ်မှာပဲ အေစီမီလန်အသင်းကိုယ်စားလှယ်တွေက ကျနော့်အိမ်တံခါးကို လာခေါက်နေခဲ့တာပါ၊ သူတို့အသင်းအတွက် ကျနော့်ကို ကစားပေးစေချင်တယ်၊ ဒီအတွက် သူတို့ ဘယ်လောက်ပေးရပေးရ ပေးဖို့ အသင့်ဖြစ်နေခဲ့တာ၊ သူတို့အသင်းနဲ့ ပူးပေါင်းမလားလို့ ကျနော့်ကို မေးခဲ့တယ်၊ အီတလီရဲ့ အကြီးကျယ်အခမ်းနားဆုံးအသင်းမှာ ကစားခွင့်ရမယ့် အခွင့်အရေးဗျာ၊ ကျနော် ဘာကိုရွေးချယ်နိုင်မှာလဲ?

ဒါပေမယ့် ကျနော့်အမေက ကျနော့်ရဲ့ ဘော့စ်ပဲ၊ အခုထိလည်း ဒီအတိုင်းပါပဲ၊ တခြားအီတလီမိခင်တွေလိုပဲ သူက စိုးရိမ်ကြီးတယ်၊ ကျနော်အိမ်ကထွက်သွားပြီး တခုခုဖြစ်မှာကို သူ ကြောက်နေခဲ့တယ်၊ အေစီမီလန်ကို ငြင်းပယ်ဖို့က ခက်ပါတယ်၊ ဒါပေမယ့် အမေ့ကြောင့် ကျနော်ငြင်းဆန်ခဲ့တယ်၊ ဒါက ကျနော့်ရဲ့ အမေ့အပေါ်ထားတဲ့ သစ္စာတရားလို့လည်း ဆိုနိုင်ပါတယ်၊ ကျနော် မငြင်းလည်းရတာပေါ့၊ ဒါပေမယ့် ကျနော်ငြင်းခဲ့တယ်၊ အမေပြောခဲ့တာကို ကျနော်မမေ့ဘူး။ အိမ်ဆိုတာက အရာရာတိုင်းပဲတဲ့။ နောက်တပတ်လောက်လည်းနေရော ကျနော့်လူငယ်ပွဲကို လာကင်းထောက်နေတဲ့ ရိုးမားက ကမ်းလှမ်းလာခဲ့တယ်၊ ဒီမှာပဲ ကျနော်က အနီနဲ့ အဝါဂျာစီကို ဝတ်ဆင်ဖို့ ဖြစ်လာခဲ့တာ။
ဒီနေ့ကတော့ တော့တီတယောက် ရိုးမားအတွက် ပထမဆုံးပွဲကို ကစားပေးခဲ့တာ ၃၁ နှစ်ပြည့်တဲ့နေ့ပါပဲ။ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀မှာ ရိုးမားတသင်းတည်းအတွက်ပဲ တော့တီက ကစားပေးခဲ့ပြီး သစ္စာတရားကြီးမားတဲ့ ကစားသမားတဦးအဖြစ်နဲ့ လူချစ်လူခင်ပေါများခဲ့ပါတယ်။

Comments

Click !

Hey !