Labels

Show more

Hi !

စီးတီးနဲ့ အာဆင်နယ်ပွဲအတွက် ငြင်းခုံရင်း သဘောထားကွဲလွဲခဲ့တဲ့ ရွိင်ကိန်းနဲ့ အီရန်ရွိုက် #RoykanevsIanWright

 


မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က မန်စီးတီး-အာဆင်နယ်တို့ပွဲစဉ်အတွက် အီယန် ရိုက်ရဲ့ ဟောကိန်းကို ငြင်းပယ်ခဲ့ပေမယ့်လည်း မှားသွားခဲ့ရင်လည်း လျော်ကြေးပေးဖို့ သဘောတူခဲ့ပါတယ်။

မန်ယူနိုက်တက်ဂန္တဝင်က ဂန်းနားတွေအနေနဲ့ လက်ရှိ ချန်ပီယံတွေကို အစ်တီဟတ်မှာ အနိုင်ရနိုင်မယ့် အခွင့်အရေး လုံးဝမရှိဘူးလို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်ဂန္တဝင် အီယန် ရိုက်ကတော့ ၎င်းရဲ့အသင်းဟောင်းဟာ မန်စီးတီးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ဂန္တဝင်က နောက်ဆုံးမှာ စီးတီးက ၂-၁ နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။
အီယန် ရိုက်က မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ကြီးမားတဲ့ ပွဲစဉ်အတွက် ထင်မြင်ချက်ကို မေးမြန်းခံရချိန်မှာ “ကျွန်တော်တို့ သူတို့ကို အနိုင်ရယူမှာပါ။ ကျွန်တော်တို့ သူတို့ကို အနိုင်ယူရမယ်။ ကျွန်တော်တို့ အနိုင်ရသွားမယ်လို့ ပြောတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ စံချိန်တင် ခံစစ်စံချိန်ရနေတဲ့အချိန်မှာ ဘာကြောင့် သူတို့ကို အနိုင်မရနိုင်ဘူးလို့ တွေးရမှာလဲ။ ကျွန်တော်တို့ ဂိုးတွေလည်း သွင်းနိုင်တယ်မလား။ ဘာကြောင့် ကျွန်တော့်အသင်းအပေါ်မှာ မကောင်းမြင်ရမှာလဲ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရွိုင် ကီးန်က ချက်ချင်းပဲ ကြားဖြတ်ပြီး “အာဆင်နယ်က အဲဒီပွဲမှာ နိုင်မှာမဟုတ်ဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီစကားကြောင့် အီယန် ရိုက်က အာဆင်နယ် အနိုင်ရရင် တစ်ခုခု ဝယ်ပေးရမယ်လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
“အင်း ကျွန်တော် တစ်ခုခုလိုအပ်တယ်။ အာဆင်နယ်သာ အနိုင်ရခဲ့ရင် ခင်ဗျား ကျွန်တော့်ကို တစ်ခုခု ဝယ်ပေးရမယ်။ ”လို့ ပြောဆိုခဲ့ပြီး ရွိုင် ကီးန်က “နာရီလား”လို့ မေးမြန်းခဲ့ရာမှာ အာဆင်နယ်ဂန္တဝင် က “နာရီမလိုချင်ဘူး။ ခင်ဗျားက မန်စီးတီး ၂-၁ နဲ့ နိုင်မယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့တွေသာ ရှုံးသွားရင် ကျွန်တော်လိုချင်တာ ခင်ဗျား ဝယ်ပေးရမယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ် အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်လို့ပဲ”လို့ ပြောဆိုခဲ့ပါတယ်။
ရွိုင် ကီးန်က “ဒီလိုဆိုရင် အရမ်းကောင်းတဲ့ပွဲဖြစ်လိမ့်မယ်။ ကျွန်တော်သာ မှားသွားရင် ခင်ဗျားကို တစ်ခုခုဝယ်ပေးမှာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။


Comments

Click !

Hey !