Labels

Show more

Hi !

ငါသိလိုက်ရတာ မန်ယူဟာ ဒါတွေကြောင့် ဆုဖလားတွေ အောင်မြင်မှုတွေ ဆွတ်ခူးနေတယ်ဆိုတာပါပဲ #ManUnited



 “ မှတ်မိပါသေးတယ်။ ငါ့ရဲ့Unitedကိုစရောက်ခါစ ပထမဆုံးTrainingမှာပေါ့။ ဂိုးသမားဆီက ငါ ဘောလုံးရတယ်။ ငါက ညာတောင်ပံမှာရှိတဲ့ Gary Nevilleကိုပေးလိုက်တယ်လေ။ အာ့မှာ Roy Keaneက ပေါက်ကွဲတော့တာပဲ ”

“ ပြီးတော့သူက ငါ့နားလာပြီး ကောတော့တာပေါ့။ မင်းက မင်းဆီဘောလုံးရတာနဲ့ ဘောလုံးကိုအလွယ်တကူပေးပစ်ရလား။ မင်းကစားနေတာ Leedsတို့ West Hamတို့မဟုတ်ဘူးတဲ့ ”
အာ့တော့ ငါကြောင်ပြီးစဉ်းစားမိသေးတယ်။ သူ ဘာကိုပြောတာလဲပေါ့။ အာ့တာနဲ့ ငါအိမ်ပြန်ရောက်တော့လဲ အာ့တာကိုပဲ ထပ်ခါထပ်ခါ တွေးပြီးမှ သဘောပေါက်တော့တယ်။ ဟုတ်သားပဲ၊ တကယ်ဆို ငါပိုကြိုးစားရမှာ၊ ပွဲရလဒ်ကိုပြောင်းလဲပစ်ရအောင်လေ။ (ဘောလုံးကိုအလွယ်တကူပဲ ညာတောင်ပံကိုပေးလိုက်တာထက် တခြား ကွင်းလယ်လူတွေ နေရာလွတ်တွေ ရှာပြီးပေးသလိုမျိုးပေါ့) ”
“ အာ့တော့မှ ငါသိလိုက်ရတာ Unitedဟာ ဒါတွေကြောင့် ဆုဖလားတွေ အောင်မြင်မှုတွေ ဆွတ်ခူးနေတယ်ဆိုတာပါပဲ။ Roy Keaneက ဒါကိုငါ့နှလုံးသားထဲကိုထည့်ပေးခဲ့တယ် ”
အရင်တုန်းက ကစားသမားကြီးတွေဟာ ဘောလုံးတစ်လုံးကိုဘယ်လောက်တန်ဖိုးထားကြောင်း၊ လူပေးတာ အသေးအမွှားလေးကအစ ဂရုစိုက်ကြောင်း ယခုကလေးတွေ သိစေချင်တယ်။


Comments

Click !

Hey !