လီဗာပူးရဲ့ ချန်ပီယံမျှော်လင့်ချက်အတွက် အရေးပါလာတဲ့ ပွဲစဉ်၃ပွဲ...
လက်ရှိအမှတ်ပေးဇယားရပ်တည်မှုတွေအရတော့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်၁၀ပွဲစလုံးဟာ လီဗာပူးအတွက် ဗိုလ်လုပွဲတွေလိုပါပဲ။ အာဆင်နယ်နဲ့ မန်စီးတီးအတွက်လည်း အလားတူပဲဖြစ်ပါတယ်။ ပွဲတိုင်းကတော့ အရေးကြီးနေတယ်။ အတိမ်းအစောင်းဖြစ်လို့မရတဲ့ အနေအထားပါပဲ...
ဒါပေမယ့် အဲ့ဒီအရေးကြီးပွဲစဉ်တွေထဲမှာမှ သာမန်ထက်ပိုပြီး အထူးတလည်အရေးပါနေတဲ ပွဲစဉ်၃ပွဲလောက် ရှိနေပါသေးတယ်...
မေလ၄ရက် စပါးနဲ့ အိမ်ကွင်းပွဲ၊
မေလ၁၁ရက် ဗီလာနဲ့ အဝေးကွင်းပွဲတွေဖြစ်ပါတယ်...
ဘာကြောင့် ဒီ၃ပွဲက ပိုအရေးကြီးနေရတာလဲ???
အကြောင်းရင်းနှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ဒီရာသီEPLမှာ လီဗာပူးရဲ့ big matchရလဒ်ပိုင်းပါပဲ။ Big Sixပြိုင်ဖက်တွေနဲ့ ၈ပွဲထိပ်တိုက်တွေ့ဆုံခဲ့တာမှာ လီဗာပူးဟာ ၈မှတ်ပဲ ရထားပါတယ်...
ချယ်လ်ဆီး 1-1 လီဗာပူး
စပါး 2-1 လီဗာပူး
မန်စီးတီး 1-1 လီဗာပူး
လီဗာပူး 0-0 ယူနိုက်တက်
လီဗာပူး 1-1 အာဆင်နယ်
လီဗာပူး 4-1 ချယ်လ်ဆီး
အာဆင်နယ် 3-1 လီဗာပူး
လီဗာပူး 1-1 မန်စီးတီး
ဒီရာသီEPL Big Match ၈ပွဲမှာ တစ်ပွဲနိုင်၊ ငါးပွဲသရေကျပြီး နှစ်ပွဲရှူံးထားတာ ဖြစ်ပါတယ်...
ယေဘုယျအားဖြင့် ယာဂင်ကလော့ပ်လက်ထက် လီဗာပူးဟာ EPL Big Matchတွေမှာ ရလဒ်ကောင်းလေ့ရှိပါတယ်။ ယာဂင်ကလော့ပ် လီဗာပူးကိုစရောက်တဲ့ 2015-16ဘောလုံးရာသီက စတွက်ရင် အသင်းကြီးချင်းထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေကို အခုလို တွေ့နိုင်ပါတယ်...
မန်စီးတီး ၈၈ပွဲ - ၁၄၉မှတ်
လီဗာပူး ၈၈ပွဲ - ၁၄၆မှတ်
ယူနိုက်တက် ၈၇ပွဲ - ၁၁၅မှတ်
အာဆင်နယ် ၈၆ပွဲ - ၁၀၀မှတ်
ချယ်လ်ဆီး ၈၇ပွဲ - ၁၀၀မှတ်
စပါး ၈၆ပွဲ - ၉၇မှတ်
ဒါပေမယ့် ဒီရာသီမှာတော့ လီဗာပူးဟာ Big Matchတွေမှာ နည်းနည်းလျော့လာခဲ့တယ်။ ဝေဖန်ရလောက်အောင်၊ စိုးရိမ်ရလောက်အောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ချန်ပီယံဆုအတွက် အကြိတ်အနယ်အားပြိုင်နေရချိန်ဆိုတော့ မပြောပလောက်တဲ့ အတိမ်းအစောင်းလေးတွေကလည်း စကားပြောသွားနိုင်တယ်။ ဒါကြောင့် လက်ကျန်Big Matchနှစ်ပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့အဝေးကွင်း၊ စပါးနဲ့အိမ်ကွင်းပွဲစဉ်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်...
ဗီလာကလည်း Big Sixမဟုတ်ပေမယ့် Top Sixအသင်းတစ်သင်းဖြစ်နေပါတယ်။ ဒါကြောင့် အတော်သတိထားရင်ဆိုင်သွားဖို့ လိုအပ်နိုင်ပါတယ်...
ဒုတိယတစ်ချက်ကတော့ ဒီ၃သင်းစလုံးဟာ ခံစစ်-တိုက်စစ်အကူးအပြောင်းမြန်တဲ့၊ transitionကောင်းတဲ့အသင်းတွေ ဖြစ်နေတာပါပဲ...
ယူနိုက်တက်ဟာ လိုအပ်ချက်တွေ အတော်များများရှိနေဆဲဖြစ်သည့်တိုင် transitionတစ်ပေါက်ကတော့ အတော်စိတ်ချရတယ်။ စပါးဆိုလည်း ဆွန်ဟောင်မင်ရဲ့ well-timed runsတွေ၊ မက်ဒီဆင်ရဲ့ through ballတွေနဲ့ လီဗာပူးhigh line defenceကို ခြိမ်းခြောက်နိုင်စွမ်းရှိနေပါတယ်...
လီဗာပူးနဲ့ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံခဲ့စဉ်က ဗီလာဟာ အကောင်းဆုံးခြေစွမ်းမရခဲ့ပါဘူး။ သူတို့ရဲ့ နာမည်ကျော်လူကျွံထောင်ချောက်တွေကို လီဗာပူးက သက်တောင့်သက်သာနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်။ ပွဲချိန်၅၅မိနစ်မှာတင် ၃ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်...
ဒါပေမယ့် အူနိုင်းအမ်မရီဟာ ပါးနပ်တဲ့နည်းပြတစ်ယောက်ဖြစ်တာကြောင့် တူညီတဲ့အမှားတစ်ခုကို သူနှစ်ခါပြန်မလုပ်လောက်ပါဘူး။ ခံစစ်ကြောင်းကို ပိုပြီးဂရုတစိုက် ပြင်ဆင်လာမှာ၊ ဝက်ကင်းစ်၊ ဘိုင်လေ ဒါမှမဟုတ် ဒီယာဘီတို့ရဲ့မြန်နှုန်းကို အားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားလာမှာ အသေအချာပါပဲ...
ဒါကြောင့် ဒီပွဲတွေမှာ လီဗာပူးဖက်က အကောင်းဆုံးပုံစံရနေဖို့ အရေးကြီးပါတယ်။ အခွင့်အရေးတွေကို ထိထိရောက်ရောက် အသုံးချနိုင်ရမယ်။ မဖြစ်သင့်တဲ့ ခံစစ်အမှားအယွင်းတွေ၊ ဘောလုံးပျက်သွားတာမျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ရမယ်။ set-pieceတွေကိုလည်း ပိုပြီးတော့ ဂရုစိုက်ကာကွယ်ဖို့ လိုအပ်မှာဖြစ်ပါတယ်...
ပြောခဲ့ပြီးသလိုပဲ ဒီရာသီလီဗာပူးရဲ့ big matchရလဒ်တွေက အထူးတလည်ဝေဖန်ရလောက်အောင် ဆိုးရွားနေတာတော့ မဟုတ်ပါဘူး။ တချို့ပွဲတွေမှာ အငြင်းပွားဖွယ် VARဆုံးဖြတ်ချက်တွေ၊ တချို့ပွဲတွေမှာတော့ ကိုယ့်ဖက်က မဖြစ်သင့်တဲ့ အမှားအယွင်းတွေ ရှိခဲ့တာကြောင့်လည်း ရမှတ်တချို့ လေလွင့်ခဲ့ရတာဖြစ်ပါတယ်။ စိုးရိမ်စရာအခြေအနေတော့ လုံးဝမဟုတ်ပါဘူး...
Comments
Post a Comment