- ကလေးဘ၀လေးမှာပဲ မိဘအရင်းတွေက သူ့ကို သီလရှင်ကျောင်းတံခါး၀မှာ ပစ်ထားခဲ့တယ်
- သူ့အသက် ၂ နှစ်အရွယ်မှာပဲ ပြင်းထန်တဲ့ ကားမတော်တဆမှုနဲ့ ရင်ဆိုင်ခဲ့ရလို့ အချက်ပေါင်း ၁၀၀ အထိ ချုပ်ခဲ့ရပြီး ကြီးမားတဲ့အမာရွတ်ကြီးက သူ့ သင်္ကေတဖြစ်လာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်ခဲ့ရပါတယ်
- ၂၀၀၁ မှာ သူက Boulogne အတွက် စတင်ကစားပေးခဲ့ပြီး ၂၀၀၅ မှာ မာဆေးလ်ကို ရောက်ရှိခဲ့ကာ တနှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု၊ တနှစ်တာအကောင်းဆုံးသွင်းဂိုးဆု၊ တနှစ်တာအကောင်းဆုံးအသင်းတွေမှာ ရွေးချယ်ခံခဲ့ရပါတယ်
- ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၂ နှစ်ကြာကစားပေးခဲ့ပြီး တရာသီအတွင်း ဖလားသုံးလုံးတပြိုင်တည်းဆွတ်ခူးနိုင်မှုနဲ့အတူ ဆုဖလားအများအပြား သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ခံခဲ့ရပါတယ်
- အသက် ၃၉ နှစ်အရွယ်အထိ ဘောလုံးကစားခဲ့ပြီး အခုတော့ သူ အနားယူခဲ့ပါပြီ။ ဖရန့်ရီဘာရီက တောင်ပံကစားသမားတွေထဲမှာ အကောင်းဆုံးတွေထဲက တဦးဆိုတာကိုတော့ ဘယ်သူမှ ငြင်းဆန်နိုင်မှာမဟုတ်တဲ့အထိ ခြေစွမ်းနဲ့အတူ သက်သေပြနိုင်ခဲ့ပါတယ်။
Comments
Post a Comment