Labels

Show more

Hi !

အမှတ်ပေးဇယားထိပ်မှာ အေးအေးလူလူ ပြန်တက်လာတဲ့ #အာဆင်နယ်အသင်း

 


အမြောက်သံပေးလို့ခြိမ်းခြောက်ကာဇယားထိပ်ကိုတက်လာခဲ့တဲ့ #အာဆင်နယ်
ယနေ့ည ကစားခဲ့ကြတဲ့ လန်ဒန်ဒါဘီပွဲစဉ်တစ်ခုဖြစ်တဲ့ အာဆင်နယ်နဲ့ဘရန့်ဖိုဒ့် တို့ရဲ့ပွဲစဉ်ကတော့ အဝါကတ်တွေ၊အငြင်းပွားစရာဆုံးဖြတ်ချက်တွေ၊ပြစ်ဒဏ်ကျူးလွန်မှုတွေနဲ့ စည်ကားတဲ့ပွဲတစ်ပွဖြစ်ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ခြေစွမ်းပိုင်းအရရော အဆင့်ရပ်တည်မှုအရပါ ကွာခြားပေမဲ့ လန်ဒန်ဒါဘီဆိုတဲ့အတိုင်း‌ ရင်ခုန်စရာလေးတွေကတော့ရှိနေစမြဲပါ။
ပွဲချိန်၁၉မိနစ်မှာတင် #အာဆင်နယ် ရဲ့အဖွင့်ဂိုးကို ရိုက်စ်ကဘန်ဝှိုက်ရဲ့လှပတဲ့ဖြတ်တင်ဘောကတစ်ဆင့် ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမိနစ်လေးအလိုမှာတင် ရမ်ဒေးစ်ရဲ့အမှားကနေ ဝီဆာ ကချေပဂိုးသွင်းယူခဲ့ပြီးလန်ဒန်ဒါဘီမှာအနိုင်ရဖို့ထင်သလောက်မလွယ်ကူမှန်း ပြသခဲ့ပါတယ်။ ပထမပိုင်းမှာတင်အဝါကတ်ကိုလည်း တစ်ဖက်ကိုနှစ်ကတ်စီမျှယူထားခဲ့ကြသလို ဂိုးကိုလည်း မျှယူထားခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့တိုက်စစ်ဆင်မှုက ပိုမိုကောင်းမွန်လာခဲ့ပြီး ဂိုးမယ့်အချိန်ကို ရင်တထိတ်ထိတ်နဲ့စောင့်နေခဲ့ရတဲ့အထိပါပဲ။ ဧည့်သည်ပျားတို့ကလည်း ရရင်ရသလိုအခွင့်အ‌ရေးယူဖို့ စောင့်နေခဲ့ပြီးအိုင်ဗန်တိုနေးရဲ့အပိုင်ကန်ချက်ကို ရမ်ဒေးစ်ကာကွယ်သွားနိုင်ခဲ့တာတော့ စိတ်မကောင်းစရာပါပဲ။
ပွဲကိုအဆုံးသတ်ပေးမယ့်ဂိုးကိုတော့ ပွဲချိန်84 မိနစ်မှာပဲဘန်ဝှိုက်ကထပ်မံဖန်တီးခဲ့ပြီး ကိုင်ဟားဗက်စ်ကအဆုံးသတ်ကာ ပျားတို့ကိုအသည်းခွဲခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် #အာဆင်နယ် ဟာ ဇယားထိပ်ကိုတက်နိုင်ခဲ့ပြီဖြစ်သလို မနက်ဖြန်ညမှာ ယှဉ်ပြိုင်မယ့် မန်စီးတီးနဲ့လီဗာပူးလ်ပွဲစဉ်ကို အာဆင်နယ်ပရိသတ်‌တွေ စိတ်အေးလက်အေးနဲ့ကြည့်နိုင်တော့မှာပဲဖြစ်ပါတယ်။

 

Comments

Click !

Hey !