Labels

Show more

Hi !

ရော်နယ်လ်ဒို ဖြစ်တည်မှု

 


❗ရော်နယ်ဒိုဆိုတာ ဒီလိုဖြစ်လာတာ
စပို့တင်းကနေ ယူနိုက်တက်ကိုရောက်ရှိလာပြီးနောက်ပိုင်း ရော်နယ်ဒို တဟုန်ထိုး‌ တိုးတက်လာခဲ့တာကို အားလုံးသိကြပေမယ့် နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်ပျက်ခဲ့လဲဆိုတာတော့ အတော်လေး လူသိနည်းပါတယ်...
ရော်နယ်ဒို ယူနိုက်တက်ကိုစရောက်တဲ့အချိန် အသင်းခေါင်းဆောင်ဖြစ်သူက ရွိုင်ကိန်းပါ၊ ရွိုင်ကိန်းဆိုတာ အသင်းဖော်တွေသာမက ပြိုင်ဘက်တွေပါ ကြောက်ရရှိန်ရတဲ့သူပါ...
၂၀၀၄ခုနှစ် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲတစ်ပွဲမှာပေါ့၊ ဂိုးရနိုင်မယ့် အပိုင်အခွင့်အရေးတစ်ခုကို ရော်နယ်ဒိုတစ်ယောက် လွဲချော်ခဲ့တယ်...
ဒီအဖြစ်အပျက်ကို မကျေမနပ်ဖြစ်နေတဲ့ ကပ္ပတိန်ကြီးရွိုင်ကိန်းက ရော်နယ်ဒိုကို “ဘောလုံးကို ပိုက်ထဲဝင်အောင် ကန်ထည့်ဟ...$*$ရ”ဆိုပြီး အော်ဟစ်ဆဲဆိုပါလေရော...
ထူးဆန်းတာက အဲ့အချိန်မှာ ယူနိုက်တက်က (၂)ဂိုးအသာနဲ့ ဦးဆောင်နေတာ၊ တော်ရုံအသင်းခေါင်းဆောင်ဆို အေးဆေးကျော်သွားလိုက်မှာ၊ ဒါပေမယ့် အခုကရွိုင်ကိန်းကြီးဖြစ်နေတော့ ဘယ်သူမှလည်းဝင်မပြောရဲကြဘူး...
သိပ်မကြာပါဘူး၊ သွေးဆူလာတဲ့ရော်နယ်ဒိုက Volley ကန်ချက်နဲ့ တစ်ဂိုးသွင်းပြလိုက်တယ်၊ ဖာဒီနန်တို့တအုပ် သူ့အနားရောက်လာတာတောင် ရော်နယ်ဒိုအောင်ပွဲမခံဘူး၊ ခပ်‌ချေချေပဲ.. ရွိုင်ကိန်းပြောတာကို မကျေသေးတဲ့အထာပေါ့...
(၁၉)နှစ်သားလေးအတွက် ရွိုင်ကိန်းရဲ့ကိုင်တွယ်ပုံက ကြမ်းတမ်းခဲ့တယ်ဆိုပေမယ့် ဒါတွေကပဲ ရော်နယ်ဒိုကို တွန်းအားဖြစ်စေခဲ့တာပါ...
ပြောချင်တာက အခုလို ကမ္ဘာ့အကောင်းဆုံးဆိုပြီးဖြစ်လာဖို့ သူများတွေလို ပန်းခင်းလမ်းလျှောက်ခဲ့ရတာမဟုတ်ပါဘူး...

 

Comments

Click !

Hey !