Labels

Show more

Hi !

လေဗာကူဆင်နဲ့အတူ စိန်ခေါ်မှုတွေကို ထပ်ရင်ဆိုင်မယ့် ဇာဗီအလွန်ဆို



 ဇာဗီအလွန်ဆိုရဲ့ မှန်ကန်ရဲတင်းတဲ့ ဆုံးဖြတ်ချက်

ဥရောပနည်းပြ အသိုင်းအဝိုင်းထဲမှာ အလှုပ်ခတ်ဆုံး သတင်းမွှေးနေတဲ့ ဇာဗီအလွန်ဆိုက သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အသိပေးသွားတယ်။
စောစောပိုင်းကာလမှာ လီဗာပူး၊ဘိုင်ယန်မြူးနစ်တို့နဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့တယ်။ အထူးသဖြင့် လီဗာပူးနဲ့ ပိုပြီး နီးနီးစပ်စပ်ရှိခဲ့တယ်။ နာမည်ကျော်
သတင်းထောက်တွေ မီဒီယာတွေမှာလည်း
အလွန်ဆိုဟာ လာမယ့်ရာသီမှာ ယာဂန်ကလော့ရဲ့နေရာကို ဆက်ခံမယ့်သူလို့
ဝေဝေဆာဆာဖော်ပြခဲ့ကြတယ်။
ဒါပေမယ့် အခုချိန်မှာ အလွန်ဆိုက ဒီအခြေအနေအားလုံးကို ငြင်းဆန်သွားသလို လီဗာပူးဘက်ကလည်း အလွန်ဆိုကိုရဖို့ ကြိုးစားမှုကို လက်လျှော့လိုက်ပြီလို့ ယူဆလို့ ရပါတယ်။ ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအကွာမှာ ရောက်နေပေမယ့် ဘိုင်ယန်မြူးနစ်လို အသင်းနဲ့ ယှဉ်ပြိုင်နေရချိန်မှာ အလွန်ဆိုဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ခေါင်းရှုပ်မခံချင်တာကြောင့်
လက်ရှိအလုပ်ကို ပန်းတိုင်ကိုရောက်ဖို့ သေချာအာရုံစိုက်ထားပုံပါဘဲ။
ဒါကြောင့် အလွန်ဆိုဟာ ကျွန်တော့်အနေနဲ့ လာမယ့်နှစ်မှာ လေဗာကူဆင် အသင်းမှာဘဲ ဆက်နေသွားမယ်လို့ တစ်ကမ္ဘာလုံးကို သတင်းစကား ပါးလိုက်တာပါ။ တစ်ဖက်မှာ အခြေအနေကို စောင့်ကြည့်နေတဲ့ ဘိုင်ယန်မြူးနစ်အတွက်လည်း အလွန်ဆိုအပေါ် ချဉ်းကပ်မှုကို ပြန်သုံးသပ်ရတော့မှာ ဖြစ်ပါတယ်။ အသင်းကြီးတွေက လိုချင်လို့ ဝိုင်းဝိုင်းလည်နေချိန် လေဗာကူဆင်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာဟာ သေချာ အထပ်ထပ် စဉ်းစားထားပြီးမှ အလွန်ဆိုရဲ့ နှုတ်ကနေ ထွက်လာတယ်ဆိုတာ သိသာစေပါတယ်။
အလွန်ဆိုအနေနဲ့ အခုချိန်မှာ လီဗာပူး၊ ဘိုင်ယန်တို့လို အသင်းကြီးတွေကို ကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သူ့ကိုယ်သူ ခံယူထားတာလည်းဖြစ်နိုင်ပါတယ်။ လီဗာပူး၊ ဘိုင်ယန်တို့ရဲ့ နည်းပြထိုင်ခုံပေါ်ထိုင်ရတာဟာ လေဗာကူဆင်မှာ လုပ်ပိုင်ခွင့် အပြည့်ရထားတာထက် ဖိအားတွေ အများကြီးပိုပါတယ်။ လီဗာပူးကလည်း ယာဂန်ကလော့အလွန်မှာ အားလုံးကို တစ်ကနေ ပြန်ရတော့မယ်။ ဘိုင်ယန်မြူးနစ်ကလည်း အရင်လို ရွှေထီးဆောင်း ဧကရာဇ်အဆင့်မဟုတ်တော့ဘူး။
လေဗာကူဆင်ကို သူအပြည့်အဝ ကိုင်တွယ်ခွင့်ရတာ ဒီတစ်နှစ်ဘဲ ရှိသေးတာကြောင့်
နောက်ထပ် လာမယ့်နှစ်တွေမှာပါ သက်သေထပ်ပြနိုင်ဖို့ လူငယ်နည်းပြတစ်ယောက်ရဲ့ မာနတွေလည်း အလွန်ဆိုဆီမှာ ရှ်ိနေတာ အသေချာပါဘဲ။ ဒါကြောင့် အလွန်ဆိုဟာ အသင်းကြီးတွေကို သေချာချင့်ချိန်ပြီးမှ ငြင်းပယ်ပြီး လေဗာကူဆင်မှာ ဆက်နေရင်း အတွေ့အကြုံသစ်တွေ၊ အောင်မြင်မှုတွေ ဆက်လက် ရှာဖွေသွားဦးမှာ ဖြစ်ပါကြောင်း......။

Comments

Click !

Hey !