Labels

Show more

Hi !

အိစက်ညက်ညောနေတဲ့ ပေးပို့မှုတွေရဲ့ ပိုင်ရှင် တိုနီခရုးစ်



ဂျာမနီ လက်ရွေးစင် အသင်းအတွက်

တိုနီခရူးစ်ရဲ့ Comeback ကြီးက ထူးရှယ် ဖြစ်လွန်းတယ်။ ကစားပုံကအစ ပြောင်းလဲတိုးတက်လာတယ်။ ပွဲတစ်ပွဲကို အနိုင်ရနိုင်ချေ မြင့်တက်လာတယ်။
နာဂျယ်စမန်းက တိုနီခရူးစ်ရဲ့ တန်ဖိုးကိုသိလို့ မရမက ပြန်ခေါ်ခဲ့တယ်။ ကွင်းလယ်တည်ဆောက်မှုမှာ တိုနီခရူးစ်က ခရာဘဲ။
အိစက်ညက်ညောနေတဲ့ ပေးပို့မှုတွေက
တိုနီခရုးစ် ပြန်ရောက်လာမှ သက်ဝင်လှုပ်ရှားလာခဲ့တာပါ။
ဂျာမနီက တိုနီခရူးစ် ပြန်မလာခင် နောက်ဆုံး (၁၀)ပွဲမှာ နိုင်ပွဲ (၂)ပွဲဘဲရှိခဲ့တယ်။ ခရူးစ် ပြန်လာတဲ့ (၂)ပွဲလုံးမှာ
ရာနှုန်းပြည့် နိုင်ပွဲဆက်တယ်။
နိုင်တာမှ ပြင်သစ်၊ နယ်သာလန်တို့လို ဥရောပရဲ့ ခေါင်တွေကိုမှ ခြေစွမ်းအသာစီးနဲ့ အနိုင်ကစားပြခဲ့တာပါ။
တိုနီခရူးစ်က နှစ်ပွဲလုံးမှာ ဂိုးဖန်တီးမှု (၂)ကြိမ် လုပ်ပေးခဲ့တယ်။
နှစ်ပွဲလုံးမှာ ဘောလုံးဆုံးရှုံးမှူ တစ်ကြိမ်မှကို မရှိခဲ့တာပါ။
ဒီနှစ်ပွဲလုံးမှာ ခရူးစ်က ပေးပို့မှု (၂၄၁)ကြိမ်လုပ်ခဲ့တယ်။ အကြိမ်ရေ အများဆုံး စွမ်းဆောင်ရည်ပါဘဲ။ တိကျမှုကလည်း
(94%)နဲ့ အမြင့်ဆုံးဖြစ်တယ်။
ခရူးစ်အတွက်တော့ ပုံမှန်လုပ်နေကျ စွမ်းဆောင်ရည် သာသာဘဲ။
နှစ်ပွဲစလုံးမှာ Rating အမြင့်ဆုံး ကစားသမား။ Man of the Match စွမ်းဆောင်ရည်တွေကို ပြသခဲ့တယ်
ယူရိုပြိုင်ပွဲမှာ အိမ်ရှင် ဂျာမနီအသင်း ရေပန်းပြန်စားလာတာဟာ တိုနီခရူးစ် ပြန်လာခြင်းကြောင့်ပါ။ သူ့ရဲ့ ထိချက်တိုင်း၊ ပေးပို့မှုတစ်ကြိမ်တိုင်းက ပြိုင်ဘက်ကို အချိန်မရွေး ဇီဝိန်ခြွေသွားနိုင်လို့ပါဘဲ။
ဂျာမန်စနိုက်ပါဆိုတဲ့ ဘွဲ့ထူးနဲ့ ထိုက်တန်လွန်းပါပေတယ်။

Comments

Click !

Hey !