ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံက ဘယ်အသင်းလဲ။
ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ဘယ်အသင်း ရမလဲ။ ဒီမေးခွန်းက ဒီအချိန်ကစပြီး ပရိသတ်တွေ ရင်ခုန်ရတဲ့ မေးခွန်းတစ်ခုလို့ ဆိုရတော့မယ်။ ဘာကြောင့်လဲဆိုတော့ ပရီး မီးယားလိဂ်ကို အပြိုင်အဆိုင် လုနေတဲ့ လက်ရှိချန်ပီယံ မန်စီးတီး၊ အဓိက စိန်ခေါ်သူတွေ ဖြစ်ကြတဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ အမှတ်ပေးဇယား ရပ်တည်မှုအရ ရမှတ်ချင်း လည်း သိပ်ပြီး မကွာသလို အခု သီတင်းပတ်ကစလို့ အကြိတ်အနယ် ပွဲတွေ ကစားရ တော့မှာဖြစ်တယ်။
လာမယ့် ဧပြီလကတော့ ဒီအသင်းတွေရဲ့ ကံကြမ္မာ အလှည့်အပြောင်း ကို အဆုံးအဖြတ်ပေးမယ့် ကာလ ဖြစ်လာပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ ဧပြီလ ထဲမှာ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးတို့ဟာ သက်ဆိုင်ရာ ပြိုင်ပွဲတွေအလိုက် ပြိုင်ပွဲစုံ ပွဲ စဉ်တွေ ဆက်တိုက် ကစားရတော့မှာ ဖြစ်နေလို့ပါ။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးဖို့ ၁၀ ပွဲပဲ လိုတော့တဲ့အချိန်မှာ ချန်ပီယံဆုကို အရယူနိုင်စွမ်း ရှိနေတဲ့အသင်းက ၃ သင်းအပြိုင် ဖြစ်နေတယ်။ နောက်ပြီး အဲဒီ ၃ သင်းစလုံးကလည်း တကယ့်ကို ဒေါင်ဒေါင်မြည်အသင်း တွေ။ အမှတ်ပေးဇယားကို ဦးဆောင်သူ အာဆင်နယ်က ဒုတိယနေရာက လီဗာပူးကို ရမှတ်တူ ဂိုးကွာခြားချက်အသာ ၆၄ မှတ်နဲ့ ဦးဆောင်ထားတယ်။ အဆင့် ၃ နေရာက စီးတီးကလည်း ရမှတ် ၆၃ မှတ်ဆိုတော့ ဘာမှ မကွာဘူးလို့ ပြောရမယ်။
အခု လာမယ့် တနင်္ဂနွေနေ့မှာသာ အာဆင်နယ်က အနိုင်ရသွားခဲ့ရင်တော့ မန်စီးတီးနဲ့ အာဆင်နယ်ကြား မှာ အမှတ်ကွာဟမှု ၄ မှတ်အထိ ဖြစ်သွားနိုင်တာမျိုး ရှိတယ်။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ် ဆိုတာက မာယာများတဲ့ ပြိုင်ပွဲဖြစ်သလို အလှည့်အပြောင်းတွေလည်း အရမ်းများတာ ကြောင့် မေလ ပွဲစဉ်တွေအထိ မရောက်မချင်း ဘာကိုမှ တပ်အပ် ပြောလို့ မရနိုင်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အလွန်ကာလ အပိုင်းအခြားကို ပြန်ကြည့်ရင်လည်း ရာသီပိတ် ပွဲရောက် တဲ့အထိ ချန်ပီယံဆုကို လုရတဲ့ အခြေအနေမျိုးတွေ မြင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁-၁၂ ဘောလုံးရာသီမှာဆိုရင် ချန်ပီယံဆုကို မန်စီးတီးနဲ့ မန်ယူတို့ နောက်ဆုံးပွဲအထိ အပြိုင် လုခဲ့ကြတာဖြစ်ပြီး နည်းပြ မန်ချီနီရဲ့ အသင်းဟာ ကျူပီအာကို တိုက်စစ်မှူး ဆာဂျီ ယို အဂူရိုရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးကြောင့် အနိုင်ရပြီး ချန်ပီယံဆုကို ယူသွားနိုင်ခဲ့တာမျိုး တွေလည်း ရှိပါတယ်။
Comments
Post a Comment