Labels

Show more

Hi !

ပြင်သစ်ရဲ့ နှစ်ချို့ ဝိုင်တစ်ခွက် ဂီရေ့ာဒ်



 အသက် (၃၇)နှစ်အရွယ် ရှိနေပေမဲ့

အေစီမီလန်တိုက်စစ်မှူး ဂီရောက်ကို
ကမ်းလှမ်းထားတဲ့ ကလပ်တွေ
အများကြီး ရှိနေပါတယ်။
အံ့အားသင့်စရာကောင်းတာက
အဲဒီထဲမှာ ပရီးမီးယားလိဂ်ရဲ့
ထိပ်သီးကလပ်တချို့ ပါဝင်နေတာပါ။
ဘယ်အသင်းတွေလဲ မသိရပေမဲ့
ကမ်းလှမ်းထားတဲ့ ကလပ်တွေဟာ
ဂီရောက်ကို အသုံးဝင်တဲ့
တိုက်စစ်မှူးအဖြစ် ယူဆထားပါတယ်။
ဂီရောက်ကိုယ်တိုင်ကတော့
အခုလို ကမ်းလှမ်းမှုတွေအပေါ်မှာ
အသိအမှတ်ပြုပေမဲ့
အသက်အရွယ်ကြောင့် LAFC ရဲ့
ကမ်းလှမ်းချက်ကိုပဲ စိတ်ထဲမှာ
သဘောကျနေပါတယ်။
ပြင်သစ်အသင်းဖော် ဟူဂိုလိုရစ်ကလည်း
ဂီရောက်ကို အမေရိကန် မေဂျာလိဂ်ကို
လာခဲ့ဖို့ ဖိတ်ခေါ်ထားတဲ့အတွက်
ပိုက်ဆံသွားရှာဖို့ပဲ စိတ်ဝင်စားနေပါပြီ။
ဂီရောက်ဟာ ဒီနှစ်အကုန်မှာ
အေစီမီလန်နဲ့ စာချုပ်ကုန်မှာဖြစ်လို့
အလွတ်ကြေးနဲ့ ထွက်ခွာနိုင်ပါမယ်။
အေစီမီလန်အသင်းကတော့
တစ်နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမဲ့
အာမခံချက် သေချာတဲ့ စာချုပ်ကိုပဲ
အလိုရှိနေတာကြောင့် အေစီရဲ့စာချုပ်ကို
ပယ်ချထားခဲ့ပါပြီ။
မတော်တဆ ပရီးမီးယားလိဂ်ကို
ပြန်ရောက်လာခဲ့ရင်တော့
ဂီရောက်ရဲ့ တစ်ချက်ထိ ဂိုးသွင်းချက်တွေနဲ့
ရင်ခုန်ရနိုင်သေးတာမလို့
ပရီးမီးယားလိဂ်ကို
ပြန်ရောက်လာစေချင်မိတာ အမှန်ပါပဲ။




Comments

Click !

Hey !