ဂိုးမိုးရွာပြီး သမိုင်းမှတ်တမ်းသစ်ရေးထိုးခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်ကတော့ ရှက်ဖီးလ်ယူနိုက်တက်ကို အဝေးကွင်းမှာ (၆-၀)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၂၀၂၄ခုနစ်ထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၇ပွဲဆက် အနိုင်ရထားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဂန်းနားတွေဟာ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ အပြိုင် ချန်ပီယံလိဂ်ပြေးလမ်းကြောင်းပေါ်မှာ အကောင်းဆုံးယှဉ်ပြိုင်နေဆဲပါပဲ။ ဒါ့အပြင် အခြလို အဝေးကွင်းမှာ ဂိုးမိုးရွာခဲ့တာကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဝေးကွင်းပွဲစဉ် ၃ပွဲဆက် ၅ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ပသင်းဖြစ်လာခဲ့ပါတယ်။
အာဆင်နယ် ဗဟိုခံစစ်ကစားသမား ဝီလီယံဆလီဘာကလည်း ရှက်ဖီးလ်နဲ့ပွဲစဉ်မှာ ဘောလုံးထိချက် ၁၈၀အထိ ရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲစဉ်တစ်ပွဲအတွင်း ဘောလုံးထိချက်အများဆုံး အာဆင်နယ် ကစားသမားဖြစ်လာခဲ့ပါတယ်။


Comments
Post a Comment