Labels

Show more

Hi !

ဖာဂူဆန်က အလန်ရှီးယားကိုဦးစားပေးခေါ်ချင်ခဲ့တာ

 


ာဂူဆန်က အလန်ရှီးယားကိုဦးစားပေးခေါ်ချင်ခဲ့တာလို့ ဆိုးလ်ရှား ရင်ဖွင့်

ဖာဂူဆန်က ကျွန်တော့်ကိုလိုချင်ခဲ့တာ မဟုတ်ဘူး။ ဆိုးလ်ရှားဟာ ၁၉၉၆ မှာ မိုလ်ဒီကနေ ယူနိုက်တက်ကို ပေါင် ၁.၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ယုံကြည်ကိုးစားရလောက်တဲ့ အဆင့်အတန်းကို ရရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ အံ့အားသင့်ဖွယ်ရာ ချန်ပီယံဖြစ်ခဲ့သလို အဲ့ဒီနှစ်မှာ ဆုဖလား ၃ လုံးအထိ စံချိန်တင်ပိုင်ဆိုင်ခဲ့တယ်။ ဆိုးလ်ရှားဟာ သရဲနီတွေအတွက် ၃၆၆ ပွဲမှာ ၁၂၆ ဂိုးအထိ သွင်းယူပေးခဲ့တာပါ။ ဒါပေမဲ့ ၁၉၉၆ ကိုနောက်ပြန်ကြည့်ရင်တော့ အရာအားလုံးက ခြားနားသွားနိုင်ပါတယ်။ 'ဆာအဲလက်စ်က အလန်ရှီးယားကိုလိုချင်ခဲ့တယ်၊ သူ့ကို ဘယ်သူအပြစ်တင်နိုင်မှာလဲ။ သူက အကောင်းဆုံး ဂိုးသွင်းသူလေ။ ဒါပေမဲ့ သွင်းဂိုးတော်တော်များများက ချန်ပီယံဖြစ်ဖို့အတွက်တော့ အာမခံချက်မရှိပါဘူး။ ယူနိုက်တက်က ပိုပြီးဈေးသက်သာတဲ့ တိုက်စစ်မှူးကိုခေါ်ယူခဲ့သလို ကျွန်တော်နဲ့ပျော်ရွှင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်' လို့ ဆိုးလ်ရှားက ဖွင့်ဟလာပါတယ်။ အလန်ရှီးယားကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ခေါ်ယူမယ့်အစား အိုးလ်ထရက်ဖို့ဒ်ကို အစားထိုးရောက်လာခဲ့တဲ့ သူ့အတွက် ဖိအားအနည်းငယ်ခံစားခဲ့ရတယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။ 'ဖိအားအများကြီးတော့ မခံစားရပါဘူး။ အခွင့်ထူး တစ်ရပ်လို့ ခံစားခဲ့ရတယ်။ ယူနိုက်တက်အတွက် ကစားခွင့်ရတဲ့ ၆ မိနစ်မှာတင် ဂိုးစသွင်းနိုင်ခဲ့တယ်။ ကန်တိုနာက ကျွန်တော်နဲ့အတူ ပထမဆုံးအောင်ပွဲခံခဲ့တဲ့ ကစားသမားပါ၊ ပြီးတော့ ဒေးဗစ်ဘက်ခမ်းပေါ့။ ရူးသွပ်နေတဲ့ ပရိသတ်တွေကိုလှည့်ကြည့်လိုက်တယ်၊ ကစားသမားတွေအားလုံးကလည်း ကျွန်တော့်ကို ကျေးဇူးတင်နေကြတယ်။ အံ့သြစရာအခိုက်အတန့်ဖြစ်ပြီး ထူးခြားမှုရဲ့အစပဲဖြစ်တယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားအချို့နဲ့တွဲဖက် ကစားခွင့်ရခဲ့သလို အဲ့ဒီအချိန်က ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်ခဲ့တယ်။ ကျွန်တော်တို့မှာ ကြီးမားတဲ့အဝတ်လဲခန်းကြီး တစ်ခုရှိခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်ကြတယ်၊ ချစ်လည်းချစ်ကြတယ်၊ အနိုင်ရဖို့အတွက် အဝတ်လဲခန်းထဲမှာ အချင်းချင်းရန်ဖြစ်ခဲ့ကြတယ်။ ငါတို့မှာတောက်ပတဲ့ ဇာတ်ကောင်တွေရှိခဲ့တယ်။ ဒေးဗစ်မေကတော့ ဂျိုကာပေါ့၊ ပေါလ်စခိုးလ်ကတော့ အသံတိတ်လုပ်ကြံသတ်ဖြတ်သူပါ။ ရွိုင်ယန်ဂစ်က ဖျော်ဖြေရေးသမားဖြစ်တယ်။ ကန်တိုနာကတော့ စိတ်ခံစားချက်သမားပါ။ သူအဝတ်လဲခန်းထဲရောက်လာတာနဲ့ အားလုံးက သူ့ကိုထိုင်ကြည့်နေကြတယ်။ လူတိုင်းက သူ့ကိုကြည့်နေခဲ့ကြတာပါ' လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။ တကယ်တော့ ဆိုးလ်ရှားဟာ ဖာဂူဆန်ရဲ့ဦးစားပေး တိုက်စစ်မှူးမဖြစ်ခဲ့ပေမယ့် ယူနိုက်တက်နဲ့ပတ်သက်ရင် သံယောဇဉ် အလွန်ကြီးသူဖြစ်တယ်ဆိုတာကို သူ့ရဲ့မှတ်ချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

Comments

Click !

Hey !