ကျနော့်ကစားသမားဘဝရဲ့ သက်တမ်းတစ်ဝက်လောက်က စခိုးလ်နဲ့အတူ တွဲကစားခဲ့ရတာပဲ။ ကျနော်တို့ကြားမှာ အင်မတန်ခိုင်မာတဲ့ သံယောဇဉ်တွေရှိပါတယ်။ ဒါပေမယ့် သူနဲ့ကျနော်တူတဲ့အချက်ကတော့ ခပ်ရှားရှားပါပဲ…
သူကအင်မတန်အနေအေးတယ်။ စကားနည်းတယ်။ စကားနည်းလွန်းလို့ ကျနော်တို့လို ငယ်ပေါင်းသူငယ်ချင်းတွေကအစ တစ်ခါတစ်လေ သူ့ကိုငြိုငြင်ရတယ်…
စခိုးလ်က ထရိန်နင်ပြီးလို့ အိမ်ပြန်တော့မယ်ဆိုတာနဲ့ လက်ကိုင်ဖုန်းကို တစ်ခါထဲ စက်ပိတ်ပစ်လိုက်တာ။ နောက်တစ်ရက် ထရိန်နင်ပြန်မလာခင် ၅မိနစ်အလိုကျမှ သူဖုန်းပြန်ဖွင့်တယ်…
ဘောလုံးတစ်ခုထဲကိုပဲ စွဲစွဲမြဲမြဲအာရုံစိုက်ထားတဲ့ ရှားရှားပါးပါးပုဂ္ဂိုလ်တစ်ယောက်ပေါ့။ ကျနော်တို့ခေတ်တုန်းကတောင် စခိုးလ်ကလွဲပြီး အေးဂျင့်မရှိတဲ့ ပရီးမီးယားလိဂ်ကစားသမား နောက်တစ်ယောက်ကို ကျနော်မသိဘူး။ ရှိမယ်လည်းမထင်ပါဘူး…
ကွင်းထဲမှာတော့ သူဟာ အထင်ပေါ်ဆုံး၊ အတက်ကြွဆုံး၊ စကားအများဆုံး ကစားသမားတွေထဲကတစ်ယောက်ပေါ့။ ပွဲပြီးရင်တော့ သူမဟုတ်သလိုပဲ ချက်ချင်းပြန်ငြိမ်သွားတယ်။ ပြန်ပျောက်သွားတယ်။ အဲ့ဒါပေါလ်စခိုးပါပဲ…
Comments
Post a Comment