Labels

Show more

Hi !

မန်ချက်စတာ ဒါဘီကို လွဲမယ့် ဟွိုင်လန်း နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

 



-------------------------------------------
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး Rasmus Hojlund ဟာ ကြွက်သားဒဏ်ရာကြောင့် 2-3 ပတ်ကြာ ဒဏ်ရာကနေ အနားယူရမှာ ဖြစ်ပါတယ်.
ဒါက ပြိုင်ဘက် မန်စီးတီးနဲ့ ဒါဘီပွဲအပါအဝင် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲတွေကို လွဲချော်ဖို့ များနေပါတယ် ။
Hojlund ဟာ မကြာသေးမီက ယူနိုက်တက်အတွက် သူ့ရဲ့နောက်ဆုံး 6 ပွဲမှာ 7 ဂိုး သွင်းယူနိုင်ခဲ့သူတစ်ယောက်ပါ
ဒီဒဏ်ရာရမှုက ပုံစံကောင်းတွေ့နေတဲ့ မန်နေဂျာ Erik ten Hag အတွက် ထိုးနှက်ချက်တစ်ခုပါပဲ။
Ten Hag အနေနဲ့ Hojlund မပါတဲ့ တိုက်စစ်ကို တခြားရွေးချယ်စရာ တွေနဲ့ ရှာဖွေရမှာ ဖြစ်ပါတယ် ။
Marcus Rashford ကို ဗဟိုတိုက်စစ်မှူးအဖြစ် ကစားစေတာ သို့မဟုတ် ကြံ့ခိုင်မှုပြည့်မယ်ဆိုရင် Anthony Martial ကို အသုံးပြုရဖို့ ရှိနေပါတယ် ။
ဒါပေမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်တာကြောင့် Martial ရဲ့ အနာဂတ်ဟာ မသေချာသေးပါဘူး.
Hojlund မပါတဲ့ တိုက်စစ် စိန်ခေါ်မှု က ယူနိုက်တက်ရဲ့ အသင်းအတိမ်အနက်ကို စမ်းသပ်မယ့် စာမေးပွဲတစ်ခု ဖြစ်လာမှာပါ။
ပြင်သစ်ဆယ်ကျော်သက်ကစားသမား Mathys Tel ဟာ မန်ချက်စတာယူနိုက်တက်အတွက် အပြောင်းအရွှေ့ပစ်မှတ်တစ်ခုဖြစ်နေပါတယ်
အသက် 18 နှစ်အရွယ် တောင်ပံကစားသမားဟာ လက်ရှိမှာ ဘိုင်ယန်မြူးနစ်မှာ ရှိနေပေမယ့် ပြီးခဲ့တဲ့နွေရာသီက Rennes ကနေ ရောက်ရှိလာပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့် မရခဲ့သူတစ်ယောက်ပါ
ယခင်က Tel ဟာ အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း အခုတော့ ဘိုင်ယန်မှ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ် ။
နာမည်ကျော် သတင်းထောက် Florian Plettenberg က ယူနိုက်တက်နဲ့ သူ့ကြား သတင်းတွေကို ဖော်ပြခဲ့တာပါ။
Tel ဟာ ဘိုင်ယန်အတွက် ယခုအချိန်အထိ 6 ပွဲသာ ကစားထားပြီး ကစားချိန်မရှိခြင်းက ဘိုင်ယန်ကနေ ထွက်ခွာဖို့ သူ့ကို အကြောင်းဖန်လာစေပါတယ် ။
အာဆင်နယ်အသင်းကလည်း ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာချင်တယ်ဆိုရင် တဲလ်ကို ခေါ်ယူဖို့ စဉ်းစားဖွယ်ရှိပါတယ်။
သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားမှုက လက်ရှိရာသီကုန်ခါနီးမှာ အဖြေပေါ်လာနိုင်ပါတယ်။
Luke Shaw ဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရ‌တော့မှာပါ။
Reguilon နဲ့ Fernandez တို့ အငှားကစား နေတာကြောင့် ယူနိုက်တက်ဟာ ဘယ်နောက်ခံလူအတွက် ရွေးချယ်စရာတွေ မရှိတော့ပါဘူး။
Dalot ဟာ အရင်တုန်းက လိုအပ်နေတဲ့
ဘယ်နောက်ခံနေရာအတွက် ကစားခဲ့ ပေမယ့်လည်း Wan-Bissaka ရဲ့ ဒဏ်ရာကြောင့် ညာနောက်ခံလူနေရာမှာ ကူညီအားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။
Lindelof နဲ့ Amrabat တို့ကလည်း ဘယ်နောက်ခံနေရာမှာ ကိုယ်စီကစားခဲ့ကြပေမယ့် အံဝင်ခွင်ကျဖြစ်ဖို့တော့ ရုန်းကန်ခဲ့ရပါတယ် ။
ဒီအချိန်မှာ တန်ဟတ်ဟာ အသက် 16 နှစ်အရွယ် အကယ်ဒမီကစားသမား Harry Amass ကို ပထမဆုံးအသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းဖို့ ခေါ်ယူလိုက်ပါတယ် ။.
Amass ဟာ ဒီရာသီ U18 အသင်း အတွက် ဂိုးဖန်တီးမှုတွေ နဲ့ ‌ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ် ။
Amass ကို နည်းပြတန်ဟတ် က အရန်ခုံမှာ ထားပြီး Lindelof/Amrabat ခြေစွမ်းမပြနိုင်ခဲ့ရင် မိနစ်ပိုင်းလောက် လူစားလဲကစားခွင့်ပြုနိုင်ပါတယ်။.
Mainoo နဲ့ Garnacho တို့ရဲ့ စီနီယာအသင်းနဲ့အတူ အောင်မြင်မှုတွေဟာ အကယ်ဒမီကစားသမား တွေရဲ့ အလားအလာရှိပုံကို ဖော်ပြနေပါတယ် ။
Achraf Hakimi ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ Kylian Mbappe နဲ့ ပြန်လည်ပေါင်းစည်းဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်
PSG အသင်းမှာ အတူရှိစဉ်ကတည်းက Mbappe နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဟာကီမီ တည်ဆောက်ထားခဲ့တာပါ
Hakimi ဟာ ရီးယဲလ်မက်ဒရစ်ရဲ့ လူငယ်အကယ်ဒမီ ထုတ်ကုန်တစ်ခုဖြစ်ပြီး အသင်းဟောင်းနဲ့ ပြန်လည် ပူးပေါင်း လိုနေပါတယ် ။
PSG နဲ့ 2026 ခုနှစ်အထိ စာချုပ်ရှိထားပေမယ့် အပြောင်းအရွှေ့မှာ ဘာမဆို ဖြစ်လာနိုင်ပါသေးတယ် ။
ယူနိုက်တက်အသင်းဟာ အသက် 21 နှစ်အရွယ် ဗဟိုနောက်ခံလူ jarad branthwaite အတွက် အဲဗာတန်ကို သန်း 40 ဝန်းကျင် ကမ်းလှမ်းထားကြောင်း အီတလီသတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ် ။ ဒါပေမယ့် အဲဗာတန်က သူ့ကို ဒီဇန်နဝါရီလမှာ မရောင်းချင်သေးပဲ နွေရာသီအထိ အသင်းမှာ ဆက်ထိန်းထားချင်နေတာပါ။
အန်ဆယ်လော့တီကလည်း အဲဗာတန်အသင်းမှာ နည်းပြတုန်းက ဒီကစားသမားလေးကို သဘောကျခဲ့ပြီး ကစားသမားကို အန်ဆယ်လော့တီနဲ့ ရီးယဲလ်မက်ဒရစ်တို့ကလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေ နေပါတယ် ။ ချဲလ်ဆီးအသင်းကလည်း ချဉ်းကပ် နေတယ်လို့ ဆိုထားပါတယ်
Omar Rekik ဟာ ဇန်နဝါရီလမှာ အာဆင်နယ်ကနေ အငှားနဲ့ ဆွစ်ဇာလန်ထိပ်သီးကလပ် Servette FC ဆီ ရောက်ရှိလာပြီးကတည်းက စီနီယာ ပထမအသင်း ကစားခွင့်မိနစ်များရရှိဖို့ မျှော်လင့်ခဲ့ပါတယ်။ဒါပေမယ့်လည်း စီမံခန့်ခွဲရေးဆိုင်ရာ အမှားအယွင်းတစ်ခုကြောင့် အသက် 21 နှစ်အရွယ် နောက်ခံလူရဲ့ အငှားကစားသမားဘဝဟာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့ပါတယ် ။
"Servette ကို ရောက်ကတည်းက မကစားနိုင်တာ မယုံနိုင်လောက်အောင် စိတ်ပျက်စရာပါပဲ" ဟု Rekik က ပြောပါတယ် "ကျွန်တော့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ပွဲကစားခွင့်အချိန်ပေးဖို့ ကျွန်တော် ဒီကိုလာခဲ့ပေမယ့် အခုအချိန်အထိ မဖြစ်နိုင်သေးတဲ့ အတွက် တကယ့်ကို စိတ်ပျက်စရာ အခြေအနေပါ."
Servette အသင်းဟယ ဖေဖော်ဝါရီ 15 ရက် နောက်ဆုံးထားပြီး ကလပ်မှာ မရှိတော့တဲ့ ကစားသမား တွေကို မှန်ကန်စွာ စာရင်း‌ပေးသွင်းဖို့ ပျက်ကွက်ခဲ့ပြီး ၂၅ ဦးပါလူစာရင်းမှာ Rekik ပါဝင်ခွင့်မရတော့တဲ့ အခြေအနေဆိုက်လာခဲ့ပါတယ် ။
"နောက်ဆုံးသတ်မှတ်ရက်ကို ကျွန်တော်သိပေမယ့် ဒီလိုမျိုး ဘယ်တော့မှ မမျှော်လင့်ထားပါဘူး" ဟု သူက ရှင်းပြပါတယ် ။

 

Comments

Click !

Hey !