Labels

Show more

Hi !

ယခင်က အရှုံးသင်္ခန်းစာတွေကနေတဆင့် ဒီနှစ်ချန်ပီယံ ဖြစ်စေချင်နေတဲ့ အာဆင်ဝင်းဂါး #Arsenal

 


မနှစ်က အဖြစ်အပျက်ကနေ သင်ယူပြီး အာဆင်နယ် ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်တယ်

ဒီလာမယ့်ပွဲက အာဆင်နယ် အတွက် အနည်းငယ် အဆုံးအဖြတ် ပေးနိုင်တဲ့ပွဲစဥ်မျိုး ဖြစ်လာမှာပါ ဘာကြောင့်လဲဆိုတော့ မန်စီးတီး နဲ့ ကစားရမှာမလို့ပါ မန်စီးတီး ဆိုတာကတော့ အမြဲတမ်း ကစားရတာ ခက်ခဲတဲ့ အသင်းတစ်သင်းပါ ၊ ဒါပေမယ့် လက်တလော အခြေအနေမှာ သူတို့ဟာ မနှစ်ကလောက် စိုးမိုးနိုင်စွမ်း သိပ်မရှိတော့ပါဘူး ၊ တဖက်မှာတော့ သူတို့ဟာ ဒီလို အခြေအနေမျိုးမှာ ဘယ်လိုတုန့်ပြန် ကစားရမလဲ ဆိုတဲ့ အသိပညာ အတွေ့အကြုံမျိုးက ကောင်းကောင်း ရှိနေပါပြီ ၊ အာဆင်နယ်မှာက စွမ်းဆောင် ပြနိုင်တဲ့ အရည်အသွေး ရှိတယ် ၊ ဒါပေမယ့် သူတို့ အခု လုပ်နိုင်ပြီဆိုတာကို သက်သေပြရပါမယ် ၊ မနှစ်က အဖြစ်အပျက်တွေကနေ သူတို့ သင်ယူနိုင်ခဲ့မယ်လို့ ကျနော် မျှော်လင့် ယုံကြည်ပါတယ် ၊ မနှစ်က အခက်အခဲတွေ နဲ့ သူတို့ ရင်ဆိုင်ခဲ့ရပြီး ပန်းဝင်ခါနီး နောက်ဆုံး ပြေးပွဲမှာ သူတို့ ကျရှုံးခဲ့ရတာပါ
အဘ အာဆင်ဝင်းဂါး

Comments

Click !

Hey !