Labels

Show more

Hi !

အနယ်ကာ(သိုမဟုတ်)ချယ်ဆီးရဲ့ တိုက်စစ်ဘီလူးကြီး #Anelka

 


အနယ်ကာ(သိုမဟုတ်)ချယ်ဆီးရဲ့ တိုက်စစ်ဘီလူးကြီး၊၊

သူဟာ ကစားသမားဘဝတစ်လျှောက် ပီအက်စ်ဂျီ၊ အာဆင်နယ်၊ ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ မန်စီးတီး၊ ဖီနာဘာချီ၊ ဘော်လ်တန်၊ ချဲလ်ဆီး၊ ရှန်ဟိုင်းရှန်ဟွာ၊ ဂျူဗင်တပ်စ်၊ ဝက်စ်ဘရွန်း၊ မွန်ဘိုင်းစီးတီး စတဲ့ကလပ် တွေမှာ ကျင်လည်ခဲ့တာပါ။
နိုင်ငံနဲ့ ကလပ်နှစ်ခု ပေါင်း ပြိုင်ပွဲစုံ (၇၄၀)ပွဲကစား (၂၂၄)ဂိုး သွင်းယူခဲ့တယ်။ ချဲလ်ဆီးပရိသတ် တွေက တော့ သူ့ကိုအမှတ်ရဆုံး ဖြစ် ပေလိမ့်မယ်။ အပြာ ရောင်ကလပ် အတွက် 'မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက်' အခိုက်အတန့် တွေ ပေးအပ်ခဲ့တာကိုး။
၂၀၀၄-၀၅ ခုနှစ်မှာ ချဲလ်ဆီးအသင်းကိုတစ်ရာသီလုံးမှတစ်ကြိမ်သာကြုံတွေ့ စေတဲ့ပရီးမီးယားလိဂ်ရှုးပွဲဟာ မန်စီးတီးနဲ့ပွဲ၌ အနယ်ကာရဲ့ တစ်လုံးတည်း သောပင်နယ်တီသွင်းဂိုးကြောင့်ပါ။
တဖန်၂၀၀၈ မော်စကိုဖိုင်နယ်မှာ ချဲလ်ဆီးဘက်က နောက်ဆုံးပင်နယ်တီလွဲ ချော်ကာပရိသတ်တွေကို နာကျင် စေသူဟာလည်း အနယ်ကာပါပဲ။
တစ်ဘက်မှာ ချဲလ်ဆီးအတွက် (၁၈၄)ပွဲကစား (၅၄)ဂိုးသွင်းယူခဲ့သလို ၂၀၀၈-၀၉ရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်၌ တူရကီကလပ် အမ်ရာနီယီစ ပေါအသင်းရဲ့ CEO အဖြစ် ဆောင်ရွက်နေသူဟာဒီရက်ပိုင်းမှာ အသက်(၄၅)နှစ်ပြည့်မြောက်သွားပါပြီ။
''ပျော်ရွှင်စရာမွေး နေ့ဖြစ်ပါစေအနယ်ကာရေ''
အနယ်ကာရဲ့ ကစားသမားဘဝတစ်လျှောက်အောင်မြင်မှုများ၊၊
🏆🏆 Champions League
🏆 Intertoto Cup
🏆🏆 Premier League
🏆 SüperLig
🏆 Serie A
🏆🏆🏆 FA Cup
🏆🏆 Community Shield
🏆 EURO 2000
🏆 Confederations Cup

Comments

Click !

Hey !