Labels

Show more

Hi !

အဲဒါပြီးတော့ မော်ရင်ညိုဆီက ဖုန်းဝင်လာပါတော့တယ် #AlexisSanchez



 "ကျွန်တော်ငွေမက်လို့ ယူနိုက်တက်ကို ပြောင်းခဲ့တာမဟုတ်ပါဘူး"

--------------------------------------
"ကျွန်တော် မန်စီးတီးကို ပြောင်းကစားဖို့အတွက် ဂွာဒီယိုလာနဲ့ နေ့တိုင်းစကားပြောဆိုဖြစ်ပါတယ်။ သူက ကျွန်တော့်မွေးနေ့မှာလည်း ဆုတောင်းစကားပေးပို့ခဲ့ပါတယ်။ သူဟာ ဘာစီလိုနာမှာတုန်းကလည်း ကျွန်တော့်ရဲ့ အဖေတစ်ယောက်လိုပါပဲ။ တစ်နေ့မှာတော့ အာစင်ဝင်းဂါးက ခေါ်ပြောတယ်။ ကျွန်တော့်နေရာမှာအစားထိုးမယ့်ကစားသမားကို သူတို့ခေါ်လို့မရလိုက်တာကြောင့် အသင်းပြောင်းခွင့်မပေးနိုင်ဘူးဆိုတဲ့စကားပါပဲ။ အဲဒါပြီးတော့ မော်ရင်ညိုဆီက ဖုန်းဝင်လာပါတော့တယ်။ အလက်ဆစ်ရေ ငါတို့ဆီကို လာမယ်ဆိုရင် မင်းအတွက် ကျောနံပါတ် ၇ က အဆင့်ရှိနေတယ်နော်တဲ့။ အဲဒီအချိန်မှာ စဉ်းစားမိတာက ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနဲ့ ရော်နယ်ဒိုတို့ဝတ်ဆင်ခဲ့တဲ့ နံပါတ်ကို ဝတ်ခွင့်ရမှာဖြစ်သလို ယူနိုက်တက်အတွက်ကစားဖူးတဲ့ ပထမဆုံးချီလီသားလည်းဖြစ်လာမယ်ဆိုတာပါပဲ။ ကျွန်တော်ဟာ ပိုက်ဆံမက်လို့ ယူနိုက်တက်ကို ပြောင်းခဲ့တာမဟုတ်ပါဘူး။"
အလက်ဆစ် ဆန်းချက်ဇ်


Comments

Click !

Hey !