Labels

Show more

Hi !

အလန်စမစ် နန်းတက်ခါနီး သရဖူ လွဲခဲ့သူ #AlanSmith

 


အလန်းစားဆံပင်ပုံစံ၊ စကီလေးတွေသဘောကျတဲ့ ရုပ်ရည်မျိုးနဲ့ ကွင်းထဲမှာဆို မိုက်တိမိုက်ကန်း ကစားတတ်တဲ့ အလန်စမစ်ပေါ့။ လိဒ်ယူနိုက်တက်မှာကတည်းက ပရိသတ်တွေတော်တော်များများက သူ့ကိုအားပေးနေကြပြီ။ ယူနိုက်တက်နဲ့တွေ့ရင် အသေအကျေကန်လွန်းလို့ လိဒ်ပရိသတ်တွေသည်းသည်းလှုပ်ခဲ့တဲ့ ကစားသမားပေါ့။ ဒီဘဲကလည်း ကွင်းထဲမှာဆို ရေလည်ကြမ်းတာ။ ငယ်သည်ကြီးသည်မရွေးဘူး၊ အဖြဲတလိုင်းပဲ။

ဖာဂူဆန်ကြီးက သဘောကျလွန်းလို့ သူ့အသင်းဆီကို ခေါ်ချလိုက်တာမှာ ပိုပြီးတော့တောက်ပဖို့ဖြစ်လာတော့တာပဲ။ ယူနိုက်တက်ကစားသမားဘ၀အစောပိုင်းကာလတွေက အလန်စမစ်အတွက် ရွှေရောင်နေ့ရက်တွေပဲ။ ရွန်နီ၊ ရော်နယ်ဒို၊ နစ္စတယ်ရွိုင်းတို့နဲ့တွဲပြီးတော့ ကွင်းလယ်ပိုင်းမှာ တိုက်စစ်ရော၊ အဖျက်ပါ တကယ်ကောင်းခဲ့တာ။ ကံဆိုးချင်တော့ လီဗာပူးလ်နောက်ခံလူရစ္စရဲ့ ကန်ချက်နဲ့ သွားတိုးတာပဲ။
လီဗာပူးလ်နဲ့တွေ့တဲ့ အက်ဖ်အေပွဲမှာ ရစ္စက ဖရီးကစ်ကန်တာ။ သိတဲ့အတိုင်းပဲ၊ အဲဒီနော်ဝေသားကန်ချက်ကလည်း ရှယ်ပြင်းတာ။ အလန်စမစ်က ဘောလုံးကိုကာရင်းနဲ့ အခန့်မသင့်ဖြစ်ပြီး ခြေကျင်းဝတ်လည်ထွက်သွားတာ။ တော်တော်လေးတော့ကြောက်ဖို့ကောင်းတယ်။ခြေထောက်က ပြောင်းပြန်ပုံစံနီးပါးကြီးဖြစ်သွားတာ။ အလန်စမစ် ပြန်တောင်မထနိုင်တော့ဘူး။ ဒဏ်ရာက ဘယ်လောက်ပြင်းလဲဆိုရင် ခွဲစိတ်ကုသရတဲ့အထိပဲ။
ဒဏ်ရာရပြီးနောက်ပိုင်းမှာ စမစ်က ပုံစံကောင်းပျောက်သွားပြီး ခြေကျသွားတော့တာပဲ။ တကယ်နှမျောဖို့ကောင်းတဲ့ ကစားသမား။ အင်္ဂလန်ကစားသမားတွေထဲမှာ စိတ်ဓာတ်ပြင်းပြတာက ရွန်နီနဲ့ တော်တော်တူတယ်။ ညစ်ပတ်တာမျိုးကျ ရွိုင်ကိန်းလိုလူစားမျိုး။ သူ့ခေတ်သူ့အခါကတော့ အလန်စမစ်က တန်းတခုမှာရှိခဲ့ပြီး ပရိသတ်အခိုင်အမာလည်း ရခဲ့တာပါ။ ရစ္စရဲ့ ကန်ချက်လေးတချက်က သူ့ရဲ့ဘ၀ကို ပြောင်းလဲသွားစေခဲ့တာဆိုရင်လည်း မမှားပါဘူး။


Comments

Click !

Hey !