Labels

Show more

Hi !

FA Cup ပြိုင်ပွဲ ပဉ္စမအဆင့်

 


FA Cup ပြိုင်ပွဲ ပဉ္စမအဆင့်
နော်တင်ဟမ် ဝ-၁ မန်ယူနိုက်တက် (ပွဲပြီး) ကတ်စ်မီရို (၈၉မိနစ်)
လီဗာပူးလ် ၃-၀ ဆောက်သမ်တန် (ပွဲပြီး) ကူးမက်စ်(၄၄ မိနစ်)၊ ဒန်းစ်(၇၄၊ ၈၈ မိနစ်)
အန်တိုနီ၊ တိုမီနေးတို့ ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေရရှိခဲ့ကြပေမဲ့ ဂိုးကံခေခဲ့ကြသလို နော်တင်ဟမ်တိုက်စစ်မှူးတွေရဲ့ သေချာပေါက် ဂိုးရနိုင်တဲ့ ကန်သွင်းချက်အချို့ကိုလည်း ကိုလည်း အိုနာနာတစ်ယောက် အကောင်းဆုံး လက်စွမ်းပြ တားဆီးနိုင်ခဲ့လို့ဂိုးမရှိ သရေဖြစ်နေကြချိန်မှာ ပွဲပြီးဆုံးခါနီး (၈၉)မိနစ်အရောက်မှာတော့ ရရှိလာတဲ့ ပြစ်ဒဏ်ဘောကို ဘယ်တောင်ပံကနေ ဘရူနိုကန်တင်ပေးလိုက်ရာမှာ ဂိုးရှေ့ရောက်လာတဲ့ ဘောလုံးကို ကတ်စ်မီရိုက အနီးကပ် ခေါင်းတိုက်သွင်းယူလိုက်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ (ဝ-၁) ရလဒ်နဲ့ နော်တင်ဟမ်ကို ကပ်ပြီးအနိုင်ရသွားခဲ့ပါတယ်။ FAဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မတ်လ ၁၆ ရက်နေ့မှာ ကစားကြမှာဖြစ်ပြီး ယူနိုက်တက်ဟာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံရတော့မှာပါ။ လူငယ်တွေကို ဆက်လက်ပွဲထုတ်လာတဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ကူးမက်စ်(၄၄ မိနစ်)၊ ဒန်းစ်(၇၄၊ ၈၈ မိနစ်) တို့ရဲ့ သွင်းဂိုးတွေကြောင့် ဆောက်သမ်တန် ကို (၃-ဝ)ရလဒ်နဲ့ ဂိုးပြတ်ရလဒ် အနိုင်ယူကာ ကွာတားဆီ တက်လှမ်းလာခဲ့တာလည်းဖြစ်ပါတယ်။
FA Cup ပြိုင်ပွဲ ပဉ္စမအဆင့် ပွဲပြီး ရလဒ်များ
ဝုလ်ဗ် ၁-၀ ဘရိုက်တန် (ပွဲပြီး)
လယ်မီနာ(၂ မိနစ်)
ချယ်လ်ဆီး ၃-၂ လိဒ်စ် (ပွဲပြီး)
ဂျက်ဆင်(၁၅ မိနစ်)၊ မူဒရစ်(၃၇ မိနစ်)၊ ဂယ်လယ်ဟာ(၉၀ မိနစ်)
လိဒ်စ် - ဂျိုးဆက်(၈၊ ၅၉ မိနစ်)
FA Cup ကွာတားဖိုင်နယ်ပွဲစဉ်များ
ဝုလ်ဗ် Vs ကိုဗင်ထရီ
မန်ယူနိုက်တက် Vs လီဗာပူးလ်
ချယ်လ်ဆီး Vs လက်စတာ
မန်ချက်စတာစီးတီး Vs နယူးကာဆယ်

 

Comments

Click !

Hey !