Labels

Show more

Hi !

ချန်ပီယံလိဂ် ဘုရင်ကြီး ပြန်လာပြီလား

 


လာမယ့်နွေရာသီကတော့ ကစားသမားအရွှေ့အပြောင်းတွေအပြင် နည်းပြအပြောင်းအလဲတွေလည်း စိတ်လှုပ်ရှားဖို့ကောင်းလာပြီ။
နွေရာသီ ကစားသမားဈေးကွက်မှာ အမ်ဘာပေလိုကစားသမားရဲ့ အပြောင်းအရွှေ့ကို မြင်ရဖို့ရှိသလိုအမ်ဘာပေရဲ့နေရာအတွက် ပီအက်စ်ဂျီက ဘယ်လို ကစားသမားများကို ပြန်ခေါ်မလဲဆိုတာကလည်းစိတ်ဝင်စားစရာပဲ။ ဒီလိုပဲ နည်းပြတွေနဲ့လမ်းခွဲမယ့် လီဗာပူး၊ ဘာစီလိုနာအသင်းတွေရဲ့ နည်းပြသစ် ခေါ်ယူမှုက ဘယ်သူတွေဖြစ်မလဲဆိုတာရယ် ဒီရာသီမှာ အခြေအနေမကောင်းဖြစ်နေတဲ့ ဘိုင်ယန်နဲ့ ချဲလ်ဆီးတို့ရဲ့ နည်းပြအပြောင်းအလဲက
ဘယ်လိုတွေဖြစ်လာမလဲ စောင့်ကြည့်ရမယ်။
နည်းပြတွေအကြောင်းပြောမယ်ဆို ရီးရဲလ်အသင်းကို ချန်ပီယံလိဂ်မှာ ၃ ကြိမ်ဆက်အနိုင်ရအောင် ယူပေးခဲ့တဲ့ နည်းပြဇီဒန်းကိုလည်း မေ့ထားလို့မရဘူး။
ကစားသမားဘဝမှာ မှော်ဝင်တဲ့ခြေစွမ်းကို ဖျော်ဖြေမှုပေးခဲ့တဲ့ ဇီဒန်းက နည်းပြဘဝကိုလည်း အကောင်းဆုံးစတင်နိုင်ခဲ့တယ်လို့ ပြောရမယ်။
အီတလီဝါရင့်နည်းပြတွေဖြစ်တဲ့ လစ်ပီနဲ့ အန်ဆလော့တီတို့ဆီကနေ ပညာတွေလေ့လာခွင့်ရခဲ့တဲ့ ဇီဒန်းက ရီးရဲလ်ကို စကိုင်ခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၁၈ အတွင်းမှာ ချန်ပီယံလိဂ်ကို ၃ နှစ်ဆက်တိုက်ယူပေးခဲ့တယ်။
ဇီဒန်းအတွက် ရီးရဲလ်မှာကြုံတွေ့ရတဲ့ ဖိအားနဲ့ တောင်းဆိုမှုတွေက ကြီးမားတယ်ဆိုပေမယ့် အကောင်းဆုံးဖြေရှင်းပြခဲ့ပြီး နည်းပြကောင်းတယောက် ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တယ်။
၂၀၁၈ မှာရီးရဲလ်နဲ့ လမ်းခွဲပြီး ၁ နှစ်အကြာ ၂၀၁၉ မှာ ဇီဒန်းက စပိန်ကိုပြန်ရောက်လာတယ်။
ရီးရဲလ်အသင်းနဲ့ ပြန်လည်လက်တွဲခဲ့ပြီး စပိန်စူပါဖလားနဲ့ လာလီဂါချန်ပီယံဆုတွေကို ထပ်ရအောင် ဦးဆောင်မှုပေးနိုင်ခဲ့တယ်။
ရီးရဲလ်နဲ့ ဖြတ်သန်းခဲ့တဲ့ နည်းပြဘဝ ၂ ကြိမ်မှာ ဇီဒန်းက ဆုဖလားပေါင်း ၁၁ လုံးရခဲ့တယ်။
ဒါဟာ တော်ရုံတန်ရုံစွမ်းဆောင်ရည်မဟုတ်ဘူး။
ဒီလိုစွမ်းဆောင်ရည်မျိုးရှိလို့လည်း ဇီဒန်းကို ကလပ်အသင်းတွေအပါဝင် နိုင်ငံအသင်းတွေကပါ လိုချင်ခဲ့ကြတယ်။ 
ဒါပေမယ့် ဇီဒန်းကတော့ ရီးရဲလ်နဲ့ လမ်ခွဲခဲ့ပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အနားယူနေခဲ့တာ အခုချိန်ထိပဲ။ ကြားထဲမှာလည်း ကမ်းလှမ်းမှုတွေရခဲ့ပေမယ့် ငြင်းပယ်ထားပါတယ်။
အခုတော့ ဇီဒန်းတယောက်အနားယူလို့ ဝပြီထင်ရဲ့။
ဘောလုံးလောကထဲ ပြန်ဝင်လာဖို့ အသင့်ဖြစ်ပြီလို့ အင်တာဗျူးတခုမှာ ပြောသွားခဲ့တယ်။ 
ဇီဒန်းကို လက်ရှိမှာ ဂျူဗင်တပ်က လက်ရှိနည်းပြ အယ်လီဂရီရဲ့ နေရာမှာအစားထိုးဖို့ မျှော်လင့်နေသလို ဘိုင်ယန်ကလည်း နည်းပြတူချယ်ရဲ့နေရာမှာ ဇီဒန်းကို အစားထိုးဖို့အတွက် ချိတ်ဆက်မှုတွေလုပ်နေတယ်လို့ သိရတယ်။
အရင်တုန်းက စိတ်ဝင်စားခဲ့ဖူးတဲ့ အသင်းတွေကလည်း ဇီဒန်းရဲ့ဒီလိုပြောကြားမှုနဲ့အတူ စိတ်တွေပြန်လည်လာကြတယ်။
ဒီတော့ကာ လာမယ့်နွေရာသီမှာ ဇီဒန်းတယောက် ဘယ်အသင်းဆီကို ရောက်သွားမလဲဆိုတာ စိတ်ဝင်စားစရာပဲဗျာ။
ဇီဒန်းလို အရည်အသွေးရှိတဲ့ နည်းပြတယောက် ဘောလုံးလောကထဲ ပြန်ဝင်လာမယ်ဆိုတာက
ကြိုဆိုရမယ့် သတင်းကောင်းပဲ မဟုတ်လားဗျာ။

 

Comments

Click !

Hey !