Labels

Show more

Hi !

ဆာဂျင်ရက်ကလစ်ဖ်ရဲ့ မန်ယူအသင်းအပေါ်သဘောထား

 


"ငွေလိုချင်လို့ ဝယ်ခဲ့တာမဟုတ်ဘူး။ကျွန်တော့်မှာ
ပိုက်ဆံတွေ ရှိပြီးသားပဲ"
ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလစ်ရဲ့
Interview အပိုင်းအစများ 🗣️
"ကျွန်တော် ခနတိုင်းပြောပါတယ်။ကျွန်တော်တို့ရော
ဂလေဇာတွေရော ယူနိုက်တက်အသင်းကို အပြည့်အဝ
မပိုင်ပါဘူး။ယူနိုက်တက်အသင်းကို အမှန်တကယ် ပိုင်ဆိုင်တာက ခင်ဗျားတို့ ပရိတ်သတ်တွေပါ။ကျွန်တော်တို့ကတော့ ခနတဖြုတ် ထိန်းသိမ်းပေးရုံပါပဲ
ယူနိုက်တက်အသင်းကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ အရာရာတိုင်းကို နက်နက်နဲနဲ လုပ်ဆောင်သွားမှာပါ။
ဒါကြောင့် နေ့ချင်း၊ညချင်း ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ရာသီအချို့ ကြာနိုင်ပါတယ်။ပရိတ်သက်တွေဖက်က စိတ်ရှည်ပေးဖို့ တောင်းဆိုချင်ပါတယ်
ပြီးခဲ့တဲ့ 11နှစ်တာကာလက ယူနိုက်တက်ပရိတ်သက်တိုင်းအတွက် ပြီးပြည့်စုံတဲ့ ငရဲတွင်းပါ။ဒါကဘောလုံးမဟုတ်လား။အတက်အကျရှိပါတယ်။ဖာဂူဆန်မတိုင်ခင်တုန်းကလည်း ဆိုးရွားတဲ့ကာလတစ်ခုကို ယူနိုက်တက်အသင်းအနေနဲ့ 25နှစ်ကြာအောင် တောင့်ခံခဲ့ရတယ်လေ
ယူနိုက်တက်မှာ ရင်းနှီးမြှပ်နှံခဲ့တာ ငွေလိုချင်လို့မဟုတ်ဘူး။ဓာတုပစ္စည်းတွေ၊ရေနံနဲ့၊သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ ငွေအလုံအလောက်ရရှိပြီးပါပြီ။ဒါက ငွေကြေးရင်းနှီးမြှပ်နှံမှု မဟုတ်ပါဘူး။ယူနိုက်တက်အသင်းကို ပြန်ပြီး အောင်မြင်လာ စေချင်တာပါ
သေချာတာကတော့ ကျွန်တော်တို့ ဦးစားပေးလုပ်ဆောင်မယ့်အရာက ကွင်းထဲက စွမ်းဆောင်ရည်ပါ။အဓိကကတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်ဖို့ပဲ။ကမ္ဘာပေါ်က အကြီးကျယ် အခမ်းနားဆုံးအသင်းက
ကမ္ဘာပေါ်က အကောင်းဆုံး ဘောလုံးကစားဟန်တွေနဲ့
ကစားမှ သင့်တော်ပါလိမ့်မယ်
ဒါပေမဲ့ဗျာ မီးခလုတ် အဖွက့်အပိတ်လုပ်သလိုတော့ မြန်ဘူးပေါ့ဗျာ။ခလုတ်တစ်ချက် နှိပ်ရုံနဲ့ အရာရာအားလုံးကို မပြောင်းနိုင်ပါဘူး။ချက်ချင်းဆိုသလိုပဲ ရီရဲမက်ဒရစ်လို ကစားနိုင်မှာတော့ မဟုတ်ဘူးပေါ့။ကျွန်တော်တို့ အသင်းက ပုံစံကောင်းတွေကို 11နှစ်ကြာအောင် ပျောက်ဆုံးခဲ့တဲ့အတွက် အချိန်ပေးပြီး စိတ်ရှည်ဖို့လိုပါမယ်
ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့အားလုံးရဲ့ အဓိက ရည်မှန်းချက်တော့ ကျွန်တော်တို့အသင်းကို
လာမယ့်နှစ်နှစ်၊သုံးနှစ်အတွင်း လမ်းကြောင်းမှန်ပေါ်
ပြန်တင်ပေးနိုင်ဖို့ပါပဲ
ဘောလုံးက ကျွန်တော်တို့ရဲ့ အင်ဂျင်ပါ။ဒါကို
ရှင်းရှင်းလင်းလင်းနားလည်ပါတယ်။ကွင်းထဲမှာ အောင်မြင်မှုရလာရင် ကျန်တာတွေက သူ့အလိုလိုရောက်လာပါလိမ့်မယ်
ရိုးရိုးသားသားပြာရရင် ပိုက်ဆံကို စိတ်မဝင်စားပါဘူး။
ယူနိုက်တက်ကို ဝယ်ယူလိုက်တာ ငွေလိုချင်လို့
ရင်းနှီးမြှပ်နှံလိုက်တာ မဟုတ်ပါဘူး။ယူနိုက်တက်အသင်းရဲ့ အနာဂတ်ရည်မှန်းချက်ကိုရောက်အောင်သွား
တဲ့‌နေရာ ကျနော့်ရဲ့ ဦးဆောင် လွှမ်းမိုးမှု ပါချင်ပါတယ်
အသင်းကို ပြန်လည်တည်ဆောက်ဖို့ အချိန် ဆယ်နှစ်လောက် ယူမှာမဟုတ်ပါဘူး။10နှစ်သာ အချိန်ယူတည်ဆောက်ရည် ပရိတ်သတ်တွေ ခံနိုင်ရည်ရှိမှာမဟုတ်တော့ပါဘူး။3 နှစ်ပါပဲ။အချိန်3 နှစ်လောက်တော့ယူရပါမယ်။ဒါက ကျွန်တော့် ရှေ့ဆက်လျောက်မယ့်လမ်းခရီးပါ။ကျွန်တော်တို့အသင်း တိုးတက်လာတာကို မြင်ရပါလိမ့်မယ်
ယူနိုက်တက်အသင်းကို ပြန်လည် တည်ဆောက်နိုင်ဖို့က ကျွန်တော့် ဘဝရဲ့ အကြီးမားဆုံး စိန်ခေါ်မှုလားတော့ မပြောတက်ဘူး။အားကစားကဏ္ဍနဲ့ ပတ်သက်ရင်တော့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါလိမ့်မယ်။စိန်ခေါ်မှုက ကြီးမားသလို ကိုင်တွယ်ရမယ့် အသင်းကလည်း
ကြီးကျယ်ခမ်းနားပါတယ်။ကမ္ဘာပေါ်က ကျွန်တော်သွားတဲ့နေရာတိုင်းမှာ ယူနိုက်တက်ရှိပါတယ်
အသင်းရဲ့ အဓိက ရာထူးနေရာကို အကောင်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ အားဖြည့်ရပါမယ်။ယူနိုက်တက်အသင်းရဲ့
ရာထူးတာဝန်တွေကို စိတ်ဝင်စားတဲ့လူ အများအပြားရှိတယ်ဆိုတာ သိပါတယ်။ဘာကြောင့်လည်းဆိုတော့
ယူနိုက်တက်လို ကမ္ဘာပေါ်က အကြီးကျယ်ဆုံး
အသင်းမှာ အလုပ်လုပ်ချင်ကြလို့ပါ"
🔴 ဂရင်းဝုဒ်နဲ့ပတ်သက်ပြီးလား ?
"လူငယ်တွေကိုမှန်မှန်ကန်ကန် ထိန်းကြောင်းဖို့လိုအပ်ပါတယ်။သူက ယူနိုက်တက်ကစားသမားပါ။
အထူးသဖြင့် သူ့တို့လက်ထဲ ပိုက်ဆံတွေ ပေါလာတဲ့အချိန်မှာပဲ။ဒါကြောင့် ကျွန်တော့်မှာ သူနဲ့ပတ်သက်ပြီး တစ်ခုခု ဆုံးဖြတ်ဖို့ တာဝန်ရှိပါတယ်။အခုထိတော့ ဘာမှ
မဆုံးဖြတ်ရသေးပါဘူး။သူကို အငှားချထားပေမဲ့
သီးသန့်ခွဲထားတာမျိုး မဟုတ်ပါဘူး။ကျွန်တော် တို့ကတော့ အမှန်တရားရှာဖွေသွားပါမယ်။ပြီးရင်တော့ ကလပ်အသင်းရဲ့ ဂုဏ်သိက္ခာကို ထည့်တွက်ပြီး မျှမျှတတ ဆုံးဖြတ်ပေးသွားမှာပါ။ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ကို ပရိတ်သတ်တွေ လက်ခံနိုင်ဖို့လည်း လိုပါတယ်"
🔴 အိုးထရက်ဖို့ဒ်ကွင်း ပြန်ပြင်မယ့်အပေါ်
"အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြုပြင်မယ့်ကိစ္စက ကောင်းပါတယ်။ပရိတ်သတ် 90000ဝင်ဆံဖို့ အဓိက ရည်ရွယ်ထားပါတယ်။1B လောက်တော့ သုံးစွဲရပါလိမ့်မယ်။
FFP စည်းမျဉ်းတွေအောက်မှာ အသင်းကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့ ကြိုးစားရပါမယ်။အိုးထရက်ဖို့ဒ်ကွင်းက အာ့ဒါရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ကွင်းသစ်ဆောက်တာဖြစ်ဖြစ် ပြန်လည်ပြုပြင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့အသင်းအတွက် ဝင်ငွေတိုးလာနိုင်ပါတယ်။သစ်ပင်စိုက်ရုံနဲ့ ပိုက်ဆံသီးမလာဘူးဗျ၊နည်းလမ်းရှာရပါမယ်"
🔴 ဆာဒေ့ဘရေးဖို့ဒ်နဲ့ ပတ်သက်ပြီး
"ယူနိုက်တက်အသင်းရဲ့အနာဂတ်အစီစဉ်တွေမှာ
သူပါလာပါလိမ့်မယ်။သူက အဆင့်တန်းမြင့်မားတဲ့ အားကစားပွဲတွေနဲ့ ခြေစွမ်းခြေစတွေကို အကဲခပ်ရတာ နှစ်သက်ပါတယ်။သု့အနေနဲ့ ယူနိုက်တက်မှာ
အောင်မြင်လာပါလိမ့်မယ်"
🔴 ပိုင်ရှင်တူနှစ်သင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအပေါ်
"ကျွန်တော်တို့ UEFA နဲ့စကားပြောပြီးပါပြီ။နိုက်စ်အသင်းမှာ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေက
ယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးသွားအောင် လုပ်နိုင်မှာမဟုတ်ဘူး။ဒီပြဿနာနဲ့ ပတ်သက်ပြီး
ကျနော့်ဖက်ကသေချာပေါက် နားလည်ထားပါတယ်"
🔴 FFP RULE အပေါ်လား ?
"ဘောလုံးအသင်းတစ်သင်း လည်ပတ်တဲ့နေရာမှာ FFP Rule က အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာ ငွေကြေးများစွာ သုံးစွဲ့ခဲ့ပါတယ်။ဒါကြောင့် ကျွန်တော်တို့အသင်းရှေ့ဆက်သွားမယ့် ခရီးလမ်းမှာ FFP Rule ရဲ့ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်"
🔴 အဲရစ်တန်ဟက်ရဲ့ နည်းပြရာထူးအပေါ်
"ပြီးခဲ့တဲ့ 11နှစ်ကို ပြန်ကြည့်လိုက်ရင် ယူနိုက်တက်အသင်းကို နည်းပြအနည်းငယ် ကိုင်တွယ်ခဲ့တာ မြင်ရလိမ့်မယ်။အချို့နည်းပြတွေကတော့‌ အောင်မြင်မှုအချို့ရှိခဲ့တာပေါ့ဗျာ ဒါပေမဲ့ နောက်ဆုံး 11 နှစ်အတွင်း ကြီးကြီးမားမား အောင်မြင်ခဲ့တာ မတွေ့ရဘူးလေ။နှစ်တွေ
အကြာကြီးအောင်မြင်မှုနဲ့ ဝေးကွာနေတာဆိုတော့
ဒီအသင်းရဲ့ပတ်ဝန်းကျင် အသိုက်ဝန်းတစ်ခုလုံးက မှားနေတယ် ပြောရမယ်"
🔴 ထိပ်ပိုင်းရာထူးတွေအပေါ်
"အသင်းရဲ့ အဓိက ရာထူးနေရာကို အကောင်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ အားဖြည့်ရပါမယ်။ယူနိုက်တက်အသင်းရဲ့
ရာထူး တာဝန်တွေကို စိတ်ဝင်စားတဲ့လူ အများအပြားရှိတယ်ဆိုတာ သိပါတယ်။ဘာကြောင့်လည်းဆိုတော့
ယူနိုက်တက်လို ကမ္ဘာပေါ်က အကြီးကျယ်ဆုံး
အသင်းမှာ အလုပ်လုပ်ချင်ကြလို့ပါပဲ"
🔴 အိုမာဘာရေဒါနဲ့ပတ်သက်ပြီး
"အိုမာဘာရာဒါအကြောင်း မန်ချက်စတာစီးတီးအသင်းနဲ့ စကားပြောခဲ့ပြီးပါပြီ ။ကောင်းကောင်းမွန်မွန်ပါပဲ။
အိုမာဘာရာဒါက ဒီရာထူးကို ဘာကြောင့်လက်ခံချင်လည်းဆိုတာ သူတို့ဖက်က နားလည်ပါတယ်"
🔴 လီပါဗူးနဲ့ မန်စီးတီးအသင်းတွေ အပေါ်
"သူတို့နှစ်သင်းလုံးက ထိပ်ဆုံးအဆင့်မှာရောက်နေတာကြာပါပြီ။သူတို့ဆီက သင်ယူရမှာတွေရှိပါတယ်။သူတို့ဆီမှာ အသိညဏ်ကြွယ်ဝတဲ့ အဖွဲ့စည်းတွေ၊လူပုဂ္ဂိုလ်တွေ၊ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တွေရှိပါတယ်။သူတို့အလုပ်လုပ်တာကို အရမ်းလေးစားပါတယ် ဒါပေမဲ့ သူတို့က ငါတို့ရဲ့ ရန်သူတွေဖြစ်နေတုန်းပဲ။သူတို့နှစ်သင်းလုံးကို အနိုင်ယူလိုက်နိုင်တာလောက် ဘယ်အရာမှ ငါ့ကို ကျေနပ်စေမှာ မဟုတ်ပါဘူး။မန်ချက်စတာစီးတီးအသင်းကို FFP က ပြစ်ဒဏ်ချမှတ်ဖို့ ဆုတောင်းနေမှာ မဟုတ်ပါဘူး။မန်စီးတီးကို ကွင်းထဲမှာ တစ်စဆီ ဆွဲဖြဲပြီး အနိုင်ယူချင်တာပါ"
🔴 ဂလေဇာတို့နဲ့ပတ်သက်ပြီး
"ဂလေဇာမိသားစုနဲ့ ကျနော်တွေ့ခဲ့ပါတယ်။ကျနော်နဲ့
သူတို့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။
ကျွန်တော်တို့ အချင်းချင်း ယုံကြည်မှုရှိကြပါတယ်။
အသင်းတစ်သင်းကို အတူတကွ စီမံခန့်ခွဲနိုင်ဖို့
ကျနော်တို့ဖက်က အကောင်းဆုံးလုပ်ဆောင် သွားမှာပါ"
🔴 ဂွါဒီယိုလာလိုလား ? မော်ရင်ဟို ပုံစံလား ?
"ပက်ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့ရဲ့ နည်းစနစ်တွေကြားထဲ
လည်ပတ်နေမှာ မဟုတ်ပါဘူး။ဘယ်လိုနည်းစနစ်မျိုးနဲ့ကစားရမလည်းဆိုတာ ကျွန်တော်တို့ တာဝန်ရှိသူတွေက သတ်မှတ်ပေးပါမယ်။နည်းပြက ကျွန်တော်တို့ လိုချင်တဲ့ ကစားကွက်ဖော်ဆောင်ရပါမယ်။နည်းပြတွေခနတိုင်းပြောင်းပြီး ကစားကွက်တွေ ခနတိုင်းပြောင်းနေရတာ
အဖြေမဟုတ်ဘူး။အာ့ဒါက ကျွန်တော်တို့
သွားမယ့် စတိုင်မဟုတ်ဘူး။ခေတ်သစ်ဘောလုံးလောကမှာ အသစ်အဆန်းတွေကို သင်ယူပြီး ကိုယ့်လမ်းကို
ဖောက်ရပါမယ်"
 

 

Comments

Click !

Hey !