မန်စီးတီးကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို လေးနှစ်ဆက်တိုက် သိမ်းပိုက်ဖို့ ရေပန်းစားနေပြန်ပါပြီ။ လီဗာပူးလ်နဲ့ အာဆင်နယ်တို့က ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ အကောင်းဆုံးယှဉ်ပြိုင်နေတယ်ဆိုပေမယ့် ရာသီကုန်ထိ ပက်ဂွာဒီယိုလာတို့လူစုနဲ့ ပခုံးချင်းယှဉ်ဖို့က မလွယ်လှဘူး။
ပက်ဂွာဒိယိုလာလက်အောက်မှာ ၆ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို မန်စီးတီး သိမ်းပိုက်နိုင်ပါ့မလားဆိုတာ နောက်လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲမှာ ပြိုင်ဘက်ငါးဖော်နဲ့ ရင်ဆိုင်ရချိန် ထွက်လာတဲ့ရလဒ်တွေက အဖြေပေးပါလိမ့်မယ်။
မန်စီးတီးဟာ ခါးသီးတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်၊ ပရီးမီးယားလိဂ်ချန်ပီယံဆု လုဖက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်တို့အပြင် ဘရိုက်တန်၊ အက်စ်တွန်ဗီလာတို့နဲ့ ရင်ဆိုင်ရမှာပါ။
ဒါ့ကြောင့် မန်စီးတီးရဲ့ နောက်လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်၅ပွဲက တကယ်ခက်ခဲကြပ်တည်းပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု လုဖက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရတဲ့အခါ မရှူံးနိမ့်ဖို့က အရေးကြီးဆုံးပါပဲ။
Comments
Post a Comment