Labels

Show more

Hi !

ရော်နယ်ဒိုနဲ့ ရွန်းနီ အကြားက မတူညီတဲ့အချက် ၊ ရည်မှန်းချက်

 



.
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဖြစ်သူ ဝိန်း ရွန်းနီ က အသင်းဖော်ဟောင်း ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ နှိုင်းယှဥ်လိုက်ရင် သူဟာ ခံစစ်ပိုင်းကို ဆင်းကူဖို့ လိုတယ်လို့ အမြဲတမ်း ယုံကြည်ခဲ့ကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။
ရွန်းနီ နဲ့ ရော်နယ်ဒို တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆာ အဲလက်စ် ဖာဂူဆန် ကိုင်တွယ်ခဲ့စဥ်တုန်းက 2004 မှ 2009 အထိ အတူ တွဲဖက် ကစားခဲ့ဖူးသူတွေ ဖြစ်ခဲ့ကြပြီး ပရီးမီးယားလိဂ် 3 ကြိမ် ၊ ချန်ပီယံလိဂ် အပါအဝင်် ဆုဖလား များစွာ ဆွတ်ခူးနိုင်ခဲ့ကြပါတယ် ။
.
ဒါပေမဲ့ ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက်မှ ဒုတိယ အကြိမ် ထွက်ခွာတော့မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အင်တာဗျူး အပြီး ရွန်းနီ က သူ့ရဲ့ အပြုအမူတွေဟာ လက်ခံစရာ မရှိဘူးလို့ မှတ်ချက်ပေးခဲ့တဲ့နောက် တစ်ချိန်က အတွဲအဖက်မိခဲ့တဲ့ သူတို့နှစ်ဦးကြား အက်ကြောင်း ဖြစ်လာခဲ့ပါတယ် ။
.
ဘယ်လိုပဲ ဖြစ်ပါစေ ၊ အခုတော့ ဝိန်း ရွန်းနီ က အသင်းဖော်ဟောင်းနဲ့ အတူ ပိုင်ဆိုင်ခဲ့တဲ့ အမှတ်တရ အချို့ကို ဖွင့်ပြောလိုက်ပြီး ပေါ်တူဂီသားဟာ ခံစစ် ကစားရတာထက် တိုက်စစ်ဆင် ကစားရတာကို နှစ်ခြိုက်ခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
.
” သူဟာ ခင်ဗျား အတွက် နိုင်ပွဲ ရှာဖွေးပေးနိုင်သူ တစ်ဦးပါ ။ ဒါပေမဲ့ ခံစစ် ကစားရေးနဲ့ ပတ်သက်လို့ ကျွန်တော်က ပိုပြီး ယုံကြည်မှု ရှိခဲ့ပါတယ် ။ အထူးသဖြင့် တောင်ပံ မှာ ကစားရတဲ့အခါတွေမှာ ကျွန်တော့် အလုပ်တွေကို လုပ်နေရင်း လိုအပ်တဲ့ အခါတွေမှာ ခံစစ်ဆင်း ကစားခဲ့ပါတယ် ”
” ကျွန်တော် ခံစစ်ဆင်းပြီး အသင်းကို ကူညီပေးတတ်ခဲ့ပေမဲ့ ရော်နယ်ဒို ကတော့ အဲ့တာတွေ မလုပ်ကောင်းမလုပ်ချင်ခဲ့ပါဘူး ။ သူ့ရဲ့ အားသားချက်က တိုက်စစ်ဆင်ရတာလေ ။ သူ ဖိအားပေး တိုက်စစ်ဆင်တိုင်း ခံစစ်မှူးတွေ အနောက််ကိုချည်း ဆုတ်ခွာခဲ့ရတာပါပဲ ”
.
” ကျွန်တော်ကတော့ အထောင်တိုက်စစ်မှူး အဖြစ် ကစားချင်ခဲ့ပါတယ် ။ ဒါပေမဲ့ မန်နေဂျာ ကတော့ အသင်း နိုင်ပွဲရရှိရေး၊ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မှန်ကန်မယ်လို့ ထင်တဲ့သူကို နေရာပေးခဲ့တယ် ။ ကျွန်တော်တို့ အဲ့တာမျိုး လိုအပ််ခဲ့တာလည်း အမှန်အကန်ပါပဲ ”
” တကယ်တော့ ကျွန်တော်ဟာ တကိုယ်တော် အောင်မြင််မှုတွေ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူး ။ ကျွန်တော်ဟာ အသင်းနဲ့ အတူ အောင်ပွဲတွေ လိုချင်ခဲ့တာပါ ။ ကျွန်တော့်ရဲ့ အမြဲတမ်း ရည်မှန်းချက် တစ်ခုက အသင်းလိုက် အဖွဲ့လိုက် အောင်ပွဲခံဖို့ပဲ ဖြစ်ခဲ့ပါတယ် ”
.
” ကျွန်တော် ဂိုးသွင်းစွမ်းရည်ကောင်းသူပါလို့ မပြောချင်ပါဘူး ။ ဘောလုံးပဲ ရချင်နေခဲ့တာပါ ။ ကျွန်တော်သာ တကယ််တမ်း တကိုယ်ကောင်းဆန်ချင်နေခဲ့ရင် အခုထက်ဂိုးတွေ ပိုပြီးသွင်းယူနိုင်ခဲ့မှာပါ ။ ဒါပေမဲ့ ကျွန်တော်က ဘောလုံံးပဲ ကစားချင်ခဲ့ပါတယ် ”
” အဲ့ဒီတုန်းကဆို ကျွန်တော့် ကွင်းလယ် အသင်းဖော်တွေက ‘ မင်း တိုက်စစ်မှာ သွားနေစမ်းပါ၊ ငါ ဘောလုံး မင်းဆီကို အရောက်ပို့ပေးမယ်၊ မင်း အထောင်တိုက်စစ်မှူး နေရာမှာပဲ ရှိနေပေးပါ ‘ လို့ ပြောဆိုခဲ့ကြဖူးတယ်လေ ” လို့ ရွန်းနီ က သူ့ရဲ့ စိတ်ဓါတ် ခံယူချက်အကြောင်း ပြောပြခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

Comments

Click !

Hey !