Labels

Show more

Hi !

တိုက်စစ်မှူးတိုင်း ကြောက်ခဲ့ရတဲ့ ခံစစ်ဘီလူးကြီး မာလ်ဒိနီ

 


အသက် ၃၀ ဝန်းကျင် ဘောလုံးပရိသတ်တွေဆိုရင် အေစီမီလန်နဲ့ အီတလီ ခံစစ်မှူးကြီး ပါအိုလို မာလ်ဒိနီကို ကောင်းကောင်းသိကြမှာပါ။
ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် အဆစ်အ‌ပေါက်၊ တိကျသေချာတဲ့ ဘောလုံး ဖြတ်ထုတ်မှုနဲ့ ပါးနပ်တဲ့ ဘောလုံး ကစားဟန်တွေကြောင့် အေစီမီလန် တစ်ခေတ်တည်ဆောက်ရာမှာ အရေးပါဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် မှတ်တမ်းဝင်နေသူပါ။
လက်ရှိ ဘောလုံးလောကမှာ အနားယူသွားပြီတောင်ဖြစ်တဲ့ ကားလက်စ်ပူယိုးလ်နဲ့ ဆီဗီလာအသင်းက ဝါရင့် ခံစစ်မှူးကြီး ဆာဂျီယိုရာမို့စ်တို့တောင် စံထားခဲ့ရတဲ့ ပုဂ္ဂိုလ်မျိုးပါ။
ဘယ်ယိမ်း ရင် ညာထွက်၊ ညာယိမ်းရင် ဘက်ထွက်တတ်လွန်းလို့ ခံစစ်မှူးတွေနဲ့ ဂိုးသမားတွေ ကြောက်ရတဲ့ ဘရာဇီး ရော်နယ်ဒိုကြီးတောင် မာလ်ဒိနီဆိုရင် အခက်ခဲဆုံး ကျော်ဖြတ်ရတဲ့ နောက်ခံလူလို့ သတ်မှတ်ထားတာပါ။
ဒါ့အပြင် မာလ်ဒိနီက သူ့ခေတ် သူ့အခါက သူနဲ့ တွဲဖက် ကစားရတဲ့ အလက်ဇန်ဒရို နက်စတာရဲ့ ဆရာလဲ ဖြစ်၊ လမ်းပြသင်ကြားပေးသူလဲ ဖြစ်ခဲ့သူပါ။
ဘလွန်းဒီအောဆုရှင် ရစ်ကာဒို ကာကာရဲ့ ဘဝမှာ အလွှမ်းမိုးဆုံး ကစားသမားလို့ ဆိုထားခံရဖူးသူ မာလ်ဒိနီဟာ ကစားသမားဘဝမှာ ဥရောပ ချန်ပီယံလိဂ် ၅ကြိမ်၊ အီတလီအမှတ်ပေးချန်ပီယံဆု ၇ကြိမ် ဆွတ်ခူးခဲ့ဖူးပြီး ၁၉၉၄ နဲ့ ၂၀၀၃ ဘလွန်းဒီအောဆု ဆန်ကာတင်စာရင်းမှာ တတိယ နှစ်ကြိမ်၊ ၁၉၉၀ နဲ့ ၁၉၉၄ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံရမှု ၂ကြိမ်၊ ၁၉၉၈ နဲ့ ၂၀၀၀ ဥရောပဖလားပြိုင်ပွဲတွေရဲ့ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံရမှု ၂ကြိမ် ရှိခဲ့သူပါ။
အခုတော့ အသက် ၅၅နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မာလ်ဒိနီဟာ မနှစ်က အေစီမီလန်အသင်းမှာ နည်းစနစ် ဒါရိုက်တာအဖြစ် နောက်ဆုံး လုပ်ဆောင်ထားခဲ့ပါတယ်။

 

Comments

Click !

Hey !