Labels

Show more

Hi !

(၃)ချီလုံး ထိုးကွက်အသာစီးရခဲ့သော်လည်း ဒိုင်အဆုံးအဖြတ်ကြောင့် နိုင်ပွဲဆက် မှတ်တမ်းကောင်းတစ်ရပ် ဆုံးရှုံးခဲ့ရသည့် ဘရော်နီကာ

 


ဘရော်နီကာသည် ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖာဆိုင်းကို (၃)ချီလုံးတွင် ထိုးကွက်အသာစီးရခဲ့သော်လည်း ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရကာ နိုင်ပွဲဆက်မှတ်တမ်းကောင်းတစ်ခုသည်လည်း ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ဘရော်နီကာသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၅ ရက်)၊ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ခိုလမြို့၌ ကျင်းပပြုလုပ်သော Thai Fight : King Of Muay Thai တွင် ထိုင်းမွေထိုင်းလက်ဝှေ့မယ် Fahsai နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ် သည်။ အဆိုပါပွဲစဉ်တွင် ဘရော်နီကာအနေဖြင့် ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖာဆိုင်းကို လက်ရည်အသာဖြင့်ထိုးသတ်နိုင်ခဲ့သော်လည်း (၃)ချီအပြည့်၌ ဒိုင်ဆုံးဖြတ်ချက်ခံယူခဲ့ရာ အမှတ်ဖြင့်ရှုံးခဲ့ခြင်းဖြစ်သည်။

ဘရော်နီကာသည် (၁၇)ပွဲဆက်နိုင်ပွဲရ မှတ်တမ်းရရှိထားသူဖြစ်ပြီး ယခုကဲ့သို့ရှုံးနိမ့်ခဲ့ရခြင်းအပေါ် ၎င်းက "အားလုံးတောင်းပန်ပါတယ်။ ဒီတစ်ပွဲအရမ်းပင်ပန်းခဲ့တယ်။ နိုင်ပွဲဆက်လက်မထိန်းသိမ်းနိုင်တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး"ဟု လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောဆိုထား သည်။

အဆိုပါပွဲစဉ်ကြောင့် ဘရော်နီကာသည် The Fight ၏(၂)နှစ်ဆက်ချန်ပီယံနှင့် (၁၇)ပွဲဆက်အနိုင်ရရှိထားသော မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ကာ ၎င်း၏ နိုင်ပွဲဆက် မှတ်တမ်းသည်လည်း ကျိုးပြတ်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် The Fight အနေဖြင့် ဘရော်နီကာနှင့် (၃)နှစ်စာ စာချုပ်သက်တန်းကုန်ဆုံးရန်နီးကပ်လာချိန်ဖြစ်ပြီး ယမန်နေ့ညက ထိုးသတ်ခဲ့သည့် ပွဲစဉ်နှင့်ပတ်သက်၍ The Fight အပေါ် ဝေဖန်မှုများလည်း ရှိနေ သည်။


 

Comments

Click !

Hey !