Labels

Show more

Hi !

ဘရူနိုသာ တခြားအသင်းမှာ ဆိုရင်.....

 


ဘရူနိုဖာနန်ဒက် ဟာ ကိုယ်ကြိုးစားပြခဲ့သလောက်နဲ့ ထိုက်တန်တဲ့ ချီးကျူးလေးစားမှု မခံရဘူးလို့ ထင်ပါတယ်
မန်စီးတီးဟာ ချန်ပီယံဆုဖလားတွေ ရယူပြထားတော့ ဒီဘရိုင်း လုပ်ပြထားတာတွေကို မီဒီယာတွေက ထင်ပေါ်အောင် ချီးကျူးရေးသားကြပါတယ်
ဒီဘရိုင်းက တကယ်လည်း ကစားပုံအဆင့်မြင့်တဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းကွင်းလယ် ကစားသမား တယောက်ပါ
ဘရူနိုဖာနန်ဒက်ဟာ ဒီဘရိုင်းထက် 75 ပွဲလျှော့ကစားထားပါတယ်
ဒါပင်မယ့် ဂိုး30 ပိုသွင်းထားပြီး ဂိုးဖန်တီးမှု 13ကြိမ် ပိုလုပ်ပြထားနိုင်တာ တွေ့ရပါတယ်
လက်ရှိပရီးမီးယားလိဂ်မှာလည်း သူတို့၂ယောက်လိုမှတ်တမ်းမျိုး ကစားနိုင်တဲ့ ယုဉ်နိုင်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားမျိုး မရှိ‌သေးပါဘူး
ဘရူနိုဟာ အသင်းအတွက် သွေးဆူပြီး စိတ်ခံစားလွယ်တဲ့ ကစားသမားမျိုးမို့ ပေါက်ကွဲတက်ပြီး complain များပါတယ်
ဒီလိုပုံစံတွေကြောင့် ဘရူနိုရဲ့အရည်အချင်းကို မှေးမိန်အောင် လုပ်လိုက်တာလားတော့ မသိပါဘူး
United အသင်းဟာ ချန်ပီယံဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း လျော့နည်းနေပြီး လမ်းကြောင်းမှန်ပေါ် မရောက်သေးတာလည်း ပါမယ်ထင်ပါတယ်
ဘရူနိုဖာနန်ဒက် ဟာ စကားအများကြီး မပြောဘဲ ခပ်အေးအေးနေတက်တယ်ဆိုပင်မယ့် ကွင်းထဲက အမူအယာတွေကတော့ တခါတလေ အဝေဖန်ခံရတက်ပါတယ်
ဒါပင်မယ့် United အသင်းအတွက် ပွဲတိုင်းနီးပါး ကစားပေးထားပြီး ပုံမှန်ခြေစွမ်းကိုလည်း ထိန်းထားနိုင်ပါတယ်
United အသင်းအမာခံ ပရိတ်သတ်တွေကတောင် ဖာနန်ဒက်ကို သူလုပ်ပြနေသလောက် ချစ်ခင်အားပေးမှု မခံရဘူးလို့ ထင်မိပါတယ်
ဘာဘဲဖြစ်ဖြစ် ဘရူနိုဖာနန်ဒက်ဟာ United အသင်းအတွက် 2013 နောက်ပိုင်း ခေါ်ယူမှုတွေမှာ အသင်းအတွက် အကောင်းဆုံးနဲ့ အကျိုးပြုဆုံး ကစားသမား ၁ယောက်ဖြစ်ပါတယ်

Comments

Click !

Hey !