Labels

Show more

Hi !

ဟန်ဆောင်ကောင်းလို့ ပြစ်တင်ရှုံ့ချခံနေရတဲ့ဖာနန်ဒက်စ်

 


ဟန်ဆောင်ကောင်းလို့ ပြစ်တင်ရှုံ့ချခံနေရတဲ့ဖာနန်ဒက်စ်
ယူပရိသတ်တွေကအစ ပြစ်တင်ရှုံ့ချကြတယ်။ 
မန်ယူအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ အနိုင်ရလိုစိတ်ထက်သန်လွန်းတဲ့ ကစားသမားတစ်ယောက်ဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ တစ်ခါတလေကျတော့ မရသင့်တဲ့ပြစ်ဒဏ်ဘောတွေ၊ ပင်နယ်တီတွေကို ရချင်တယ်။ မကြာခဏဆိုသလို ဒိုင်ကိုဖိအားပေးတယ်။ တောင်းဆိုတတ်တယ်။ ဒီအတွက် ဝေဖန်မှုတွေ ခံခဲ့ရဖူးတယ်။
ဖူလ်ဟမ်နဲ့ပွဲက လုပ်ရပ်ကတော့ တော်တော်ရုပ်ပေါက်တယ်။ ပင်နယ်တီဧရိယာအစပ်ကနေ ဂိုးကန်သွင်းလိုက်တဲ့အချိန်မှာ တစ်ဖက်က ဆာဆာလူကစ်နဲ့ထိပြီး ဒဏ်ရာရဟန်ဆောင်ခဲ့တာပါ။ သူက အင်မတန်နာကျင်သွားတဲ့ပုံနဲ့လူးလှိမ့်အော်ဟစ်ပြီး ပြစ်ဒဏ်ဘောတောင်းတယ်။ ဒါပေမဲ့ ဒိုင်က သူ့အကွက်တွေကို သိနေတဲ့ပုံနဲ့ဘာပြစ်ဒဏ်ဘောမှ မပေးဘူး။
သူ ကန်လိုက်တဲ့ဘောလုံးကို ဂိုးသမားပုတ်ထုတ်လို့ မန်ယူကစားသမားတွေ ဘောလုံးရတဲ့အခါ ဘရူနိုဟာ ချက်ချင်းကိုထပြီး ဘောလုံးတောင်းတော့တာပဲ။ ဒဏ်ရာက ရုတ်တရက်ကြီးကောင်းသွားတာဖြစ်မယ်။ လူမှုကွန်ရက်မှာ အဲဒီရုပ်သံက လှောင်ပြောင်စရာတစ်ခု ဖြစ်လာတယ်။ ဒီလုပ်ရပ်အတွက် ဘရူနိုဖာနန်ဒက်စ်ကို မန်ယူပရိသတ်တွေကအစ ပြစ်တင်ရှုံ့ချကြတယ်။
ဘရူနိုဖာနန်ဒက်စ်က ဖရီးကစ်ကန်ခွင့်ရဖို့ဟန်ဆောင်တယ်။ လေးစားစရာလုပ်ရပ်မဟုတ်ဘူး။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ဒီလိုမလုပ်သင့်ဘူးစသဖြင့် မန်ယူပရိသတ်တွေက လူမှုကွန်ရက်မှာ ရေးသားပြစ်တင်ကြတယ်။ ပရိသတ်တစ်ယောက်ကတော့ အဆိုးရွားဆုံးအသင်းခေါင်းဆောင်လို့ ကင်ပွန်းတပ်ခဲ့တယ်။
အမှန်တော့ ဘရူနိုဖာနန်ဒက်စ် ဟန်ဆောင်အမူပိုတာ ဒါက ပထမဆုံးမဟုတ်ပါဘူး။ အရင်ကလည်း အကြိမ်ကြိမ်လုပ်ခဲ့ဖူးတယ်။ ဖူလ်ဟမ်နဲ့ပွဲက လုပ်ရပ်ကတော့ အရမ်းကိုသိသာသွားတယ်။ သူ့အသင်းဖော်တွေ ဘောလုံးရတဲ့အချိန်မှာ ဟန်တောင်မဆောင်နိုင်တော့ဘဲ ချက်ခြင်းထပြီး ဘောလုံးတောင်းတယ်ဆိုတော့ တကယ့်အသင်းခေါင်းဆောင်လို့ပဲ ပြောရတော့မယ်။
ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင်နဲ့သူ့မိတ်ဆွေအပေါင်းအသင်းတွေ မန်ယူအသင်းက တာဝန်ရှိသူတွေ ဒီဗီဒီယိုကို ပြန်မကြည့်မိဘူးလားမသိဘူး။ ပြန်ကြည့်မိရင်တော့ တော်တော်ရှက်စရာကောင်းမယ်။ မန်ယူနည်းပြတန်ဟက်က ဘရူနိုဖာနန်ဒက်စ်ကို နည်းမှန်းလမ်းမှန်နဲ့ပဲ အသင်းကိုဦးဆောင်စမ်းပါကွာလို့ သတိမပေးဘူးလားလည်း မသိတော့ပါဘူး။

 

Comments

Click !

Hey !