Labels

Show more

Hi !

* မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မနက်ခင်း သတင်းများ *

 



------------
📌 ယူနိုက်တက်အသင်းသည် FA Cup
ပဉ္စမအဆင့် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရတ်အသင်းနှင့် အဝေးကွင်း၌ သွားရောက် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။အဆိုပါပွဲစဉ်အား ဖေဖော်ဝါရီလ 29ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
[Official]
📌 INEOS တာဝန်ရှိသူများသည် ကလပ်၏ ဘဏ္ဍာရေး အခြေအနေနှင့် FFP စည်းမျဥ်းများကြောင့် ကစားသမားအသစ်ဝယ်ယူရာတွင် စာချုပ်သက်တမ်းကုန်ခါနီးပြီး အရည်အသွေးမြင့်မားသည့် ကစားသမားများကိုသာ
အဓိကပစ်မှတ်ထား ခေါ်ယူသွားဖို့ ရှိနေသည်။ESPN
သတင်းဌာနရဲ့အဆိုအရ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ
ကင်မစ်၊ နိုက်စ် ကွင်းလယ်လူ သူယန်၊ လိုင်လီ တိုက်စစ်မှုး ဂျော်နသန် ဒေးဗစ်တို့သည် ယူနိုက်တက်အသင်း၏
နွေရာသီအပြောင်းအရွှေ့ ပစ်မှတ်စာရင်းတွင် ပါဝင်လာနိုင်သည်။
[ESPN]
📌 မန်ချက်စတာယူနိုက်တက် ကစားသမားများသည်
Adidas မှထုတ်လုပ်သည့် တရားဝင်အိမ်ကွင်းဝတ်စုံ
အား နေရထိုင်ရတာ သက်သောင့်သက်သာမရှိမှုကြောင့် ဝတ်ဆင်ကစားခြင်းမရှိပဲ ပုံစံတူ replica version များကိုသာ ဝတ်ဆင်ကစားနေရတယ်လို့ သိရပါတယ်။
ယူနိုက်တက်ကစားသမားများသည် ဘောလုံးရာသီစတင်ပြီးမကြာခင်မှာပဲ Adidas မှထုတ်လုပ်သည့် တရားဝင်ခြေအိတ်များကို ဝတ်ဆင်ကစားခဲ့ခြင်းမရှိပဲ replica
version များကိုသာ ဝတ်ဆင်ကစားခဲ့ကြခြင်းဖြစ်သည်။
[Mike Keegan]
📌 ယခုအခါတွင် Adidas သည် ယူနိုက်တက် ကစားသမားများ ဝတ်ဆင်ကစားမည့် ဝတ်စုံများအား ပေါ့ပေါ့ပါးပါး ဖြစ်စေရန်အတွက် "light amendments" ပြုလုပ်ကာပြင်ဆင်ခဲ့ပြီးဖြစ်သည်။ဝတ်စုံပြဿနာအား ဒီဇင်ဘာလ ကတည်းကပင် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသော်လည်း မျှော်လင့်ထားသည်ထက် ပိုမိုကြာမြင့်ခဲ့
ခြင်းဖြစ်သည်။
[Mike Keegan]
📌 ကွင်းလယ်ကစားသမား အဲရစ်ဆင်သည် တူရကီကလပ် ဂါလာတာစာရေးအသင်း၏ စိတ်ဝင်စားမှုကို
ခံခဲ့ရသော်လည်း ဇန်နဝါရီအပြောင်းအရွှေ့တွင်
ယူနိုက်တက်အသင်းမှ ထွက်ခွာရန် နီးစပ်မှုမရှိတော့ပေ။
ဂါလာတာစရေးအသင်းသည်လည်း တူရကီ
အပြောင်းရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့အရောက်တွင် အဲရစ်ဆင်အား ထပ်မံ ကမ်းလှမ်းခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။သို့သော်လည်း လာမည့် နွေရာသီ
အပြောင်းရွှေ့ဈေးကွက်တွင် အဲရစ်ဆင်အား ခေါ်ယူရန် ထပ်မံကြိုးပမ်း လာဖွယ် ရှိသည်။
[Sky × ESPN]
📌 ယူနိုက်တက်အသင်း၏ ကာယကုထုံး နဲ့ ပြန်လည် ထူထောင်ရေး ဆိုင်ရာ ဆေးဖက်ဆိုင်ရာ အကြီးအကဲ ရော်ဘင် ဆက်ဒလာ ဟာ ဖေဖော်ဝါရီ ၂၉ ရက်နေ့
အရောက်တွင် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ယူနိုက်တက်အသင်းဖက်က အတည်ပြု ပြောကြား ခဲ့ပါတယ်။
[@ground_guru]
📌 ယူနိုက်တက် လူငယ်အသင်းမှ ကစားသမားများဖြစ်သည့် Sam Mather , Toby Collyer , Harry Amass တို့သည် ယနေ့ပြုလုပ်သည့် အသင်းကြီး၏ လေ့ကျင့်ခန်း အစီစဉ်တွင် ပါဝင်လာခဲ့သည်။
Harry Amass သည်အလားလာရှိသော လူငယ်
ဘယ်နောက်ခံကစားသမားတစ်ယောက် ဖြစ်သည်။
📌 ဆောက်ဂိတ်မှ
"ကိုဘီမိန်နူးက မယုံကြည်နိုင်လောက်ကောင်းမွန်တဲ့ ကစားသမားပါ။သူနဲ့ အတူလက်တွဲလုပ်ဆောင်လိုပါတယ်။အခြားသော နိုင်ငံတွေကလည်း သူတို့နိုင်ငံကို
ကိုယ်စားပြုကစားစေဖို့ ကြိုးစားနေကြတာတွေ့ရမှာပါ"
 
 

 

Comments

Click !

Hey !