Labels

Show more

Hi !

အသင်းငယ်တွေနဲ့ အမှတ်ကိုယ်စီခွဲယူခဲ့ရတဲ့ မန်ယူအသင်းပြီးတော့ ချဲလ်ဆီး #ChelseaVsBanlay

 


အိမ်ကွင်း Stamford Bridge မှာ တစ်ယောက်လျော့ ဘန်လေကို အနိုင်မယူနိုင်ခဲ့တဲ့ ချယ်လ်ဆီး ( Full_Time_Emotions )

------------------------------------
" ကျွန်တော် ပရီးမီးယားလိဂ်ပွဲတွေ မစခင် နှစ်ရက်အလိုလောက်မှာ ပိုချက်တီနိုနဲ့ ပတ်သက်ပြီး ဆောင်းပါးတိုလေးတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲ့ဆောင်းပါးတိုလေးကို သိတဲ့သူတွေလည်း သိကြပါလိမ့်မယ်။ ကျွန်တော် ဒီမနက်ကပဲ ချယ်လ်ဆီးပွဲ မရှိတဲ့ နှစ်ပတ်တာကာလဟာ ကျွန်တော့်ကို စိတ်ချမ်းသာစေတယ်လို့ ပြောခဲ့ပါသေးတယ်။ အခုတော့ လောင်ရပြီပေါ့ဗျာ။ ကျွန်တော် မြင်တာကို ပြောရရင် ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိနေသင့်တဲ့ နည်းပြမျိုး မဟုတ်ဘူးဗျ။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲဗျာ၊ တစ်ဖက် ပြိုင်ဘက်အသင်းက ကစားသမားတစ်ယောက် လျော့နေတာတောင် ဘယ်လို အနိုင်ကန်ရမလဲဆိုတာ ပိုချက်တီနိုတစ်ယောက် မသိခဲ့ပါဘူး။ ဒီနှစ်ရာသီကမှ ခေါ်ယူထားတဲ့ ဂျက်ဆင်ဆိုတဲ့ ဘဲလေးက ကိုယ့်အသင်းက တိုက်စစ်မှူးလား၊ ပြိုင်ဘက်အသင်းက ခံစစ်မှူးလားဆိုတာတောင် မသဲကွဲတော့ပါဘူး။ ဒီကြားထဲ ရာဟင်းမ်က အပိုင်တစ်လုံး လွဲသွားပါသေးတယ်..."
" ချယ်လ်ဆီးပွဲ ပြန်စပြီဆို အမြဲတမ်း လောင်နေရတာတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော် သတိထားမိသလောက်ဆို ချယ်လ်ဆီးဟာ International Break ပြီးဆုံးတိုင်း တိုင်ပတ်တတ်ပါတယ်။ ဒါကို ဒီမနက်မှာပဲ ကျွန်တော် ပြောခဲ့ပါသေးတယ်။ နောက်လာမယ့်ပွဲကလည်း မန်ယူနိုက်တက်နဲ့ဆိုတော့ကား ကျွန်တော်ဖြင့် ကြည့်ဖို့တောင် ပြန်စဥ်းစားရမလို ဖြစ်နေပါပြီ။ ဒီနည်းပြ၊ ဒီကစားသမားတွေကို ဘယ်လို စိတ်ခံစားချက်နဲ့ အားပေးရမလဲဆိုတာတောင် မသိတော့ပါဘူး။ ဒီပုံစံအတိုင်း ဆက်သွားနေရင် ကျွန်တော်တို့ ချယ်လ်ဆီး ရေရှည်မှာ မလွယ်ဘူးဗျ၊ အခုတောင် တော်တော်ကို အခြေအနေဆိုးနေပါပြီ..."
" ချယ်လ်ဆီး ဂန္ဓဝင် ကစားသမားတွေလည်း အခုလောက်ဆို သူတို့ရဲ့ မျက်စိတွေ၊ နားတွေ ဖွင့်ထားသင့်ပါပြီ။ ပိုချက်တီနိုကို Cover ပေးတာမျိုး ထပ်မလုပ်သင့်တော့ပါဘူး။ ကျွန်တော်တို့အတွက် ဒီရာသီဟာ ဘာမှ မျှော်လင့်စရာ မရှိတော့ပေမဲ့ လာမယ့်ရာသီကိုတော့ ပိုချက်တီနိုလို နည်းပြမျိုးနဲ့ ဆက်မသွားချင်တော့ပါဘူး။ ဘန်လေကို သရေကျတာ မဆန်းပေမဲ့ ကျွန်တော်တို့လို ရင်ဘတ်ကြီးနဲ့ အားပေးတဲ့ ပရိသတ်တွေကတော့ သရေတစ်မှတ်ဟာ ရှုံးသလိုပါပဲ။ ကစားသမားတစ်ယောက်လည်း အသာရတယ်၊ အိမ်ကွင်းမှာလည်း ကစားရတယ်၊ သရေဆိုတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ အနေအထားပါ။ သို့ပေမဲ့...ဒီနေရာမှာ ဘန်လေ မဟုတ်ပဲ တခြားသော အသင်းကြီးတစ်သင်းနဲ့ သရေကျခဲ့ရင်တောင် ဖြေသာနိုင်ပါသေးတယ်။ အခုဟာက အိမ်ကွင်းမှာ ကစားပြီး ပရိသတ်တွေကို သောက်ရှက်ခွဲလိုက်သလို ခံစားနေရပါကြောင်း..."

Comments

Click !

Hey !