Labels

Show more

Hi !

ဆာဂျင်ရက်ကလစ်ဖ် ဆိုတာ အပြောသမားလား/လက်တွေ့သမားလား

 


ဆာဂျင်ရက်ကလစ်ရဲ့ အင်တာဗျူးမှာ အတော်လေးသဘောကျတဲ့ အချက်တစ်ချက်ရှိတယ်။အသင်းကို ဘယ်လို နည်းစနစ်တွေ၊နည်းဗျူဟာတွေနဲ့ တည်ဆောက်သွားမယ်လို့ပြောသွားတဲ့ အပိုင်းမှာ over မပါဘူး၊အပိုအလိုမရှိဘူးဆိုတာ မြင်ရတယ်။ကျန်တဲ့အပိုင်းတွေ
(ဥပမာ- လီပါဗူး၊မန်စီးတီး နဲ့ပတ်သက်ပြီး)မှာတော့
အပိုအလိုလေးနဲ့ ပရိတ်သက်စိတ်ကြိုက်ဖြစ်အောင်
ပြောသွားတာ အချို့တော့ရှိတာပေါ့လေ။ဒီလိုအချိန်မှာ
ပရိတ်သတ်တွေဆီက အမှတ်ယူဖို့လိုအပ်တဲ့အတွက်
အချို့သော over တွေကို မေ့ထားပေးလို့ရပါတယ်။
အသင်းကို ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်သွားမလည်းဆိုတဲ့ မေးခွန်းအပေါ် ဆာဂျင်ရက်ကလစ်က အခုလိုဖြေသွားတယ်"ဂွါဒီယိုလာလိုကစားလိုက်၊ မော်ရင်ဟိုလိုကစားလိုက်နဲ့သံဿရာလည်နေမှာမဟုတ်ဘူး။ဘယ်လိုနည်းစနည်နဲ့ အလုပ်လုပ်ရမလည်းဆိုတာ တာဝန်ရှိသူတွေက သတ်မှတ်ပေးပြီး နည်းပြက လက်တွေ့ကျင့်သုံးရမယ်"ဆိုတဲ့ သဘော ပြောသွားတယ်။ဆာဂျင်ရက်ကလစ်က ပိုင်ရှင်ကောင်းတစ်ယောက် ဖြစ်လာမည်လားတော့
ကျနော်လည်း အာမမခံနိုင်ဘူး။ဒါပေမဲ့ အသင်းတစ်သင်းက ဘယ်လမ်းကို လျောက်သင့်လည်းဆိုတဲ့အပိုင်းမှာ
သူ့ရဲ့အတွေးအခေါ်တွေက ညဏ်မှီတယ်လို့ သုံးသပ်လို့ရတယ်။အသင်းတစ်သင်းကို တည်ဆောက်တဲ့နေရာမှာ
ကစားသမား အခြေပြုလည်းဖြစ်လို့မရဘူး၊
နည်းပြ အခြေပြုလည်းဖြစ်လို့မရဘူး။အသင်းရဲ့
ဖွဲ့စည်းပုံကိုက တစ်သတ်မှတ်ထဲ ရှိနေရမှာဖြစ်ပြီး
နည်းပြတွေက ဖွဲ့စည်းပုံအောက်ကနေ အလုပ်လုပ်ရမှာပါ။
ရီရဲမက်ဒရစ်၊ဘိုင်ယန်မြူးနစ်တို့က ဆာဂျင်ပြောသွားတဲ့ပုံစံနဲ့ အလုပ်လုပ်ကြတာပါ။ကစားသမားခေါ်ယူတဲ့အပိုင်းမှာ နည်းပြအကြိုက်လည်း ဦးစားမပေးသလို၊
ပရိတ်သတ်အကြိုက် social media signing တွေလည်းရှောင်ပါတယ်။ဘယ်ကစားသမားက အသင်းနဲ့ သင့်တော်မလည်း၊အသင်းမှာ ကစားရမယ့်ကစားသမားတစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေ၊ အချက်အလက်တွေရှိနေရမလည်းဆိုတာ ပုံသေသတ်မှတ်ထားပြီးသားပါ။နည်းပြတစ်ယောက်ပြောင်းလို့ အာ့နည်းပြရဲ့
philosophy နဲ့ကိုက်ညီတဲ့ ကစားသမားတွေကို
လိုက်ရှာဝယ်ပေးတာ မဟုတ်ပါဘူး။အသင်းရဲ့စည်းစနစ်နဲ့အညီ ခေါ်ယူထားတဲ့ကစားသမားတွေကို နည်းပြက
boost လုပ်ပေးရတာပါ။နည်းပြအကြိုက်ခေါ်ပေးတဲ့
ကစားသမားဆိုလို့ ငွေအရမ်းသုံးစရာမလိုတဲ့၊
risk မများတဲ့ ကစားသမားတွေကို ခေါ်ယူပေးတာပဲ
ရှိပါလိမ့်မယ်။အသစ်ရောက်လာတဲ့ နည်းပြက
အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ ကစားကွက်ပုံဖော်ဖို့အဆင်မပြေဘူး၊ကိုက်ညီမှု မရှိနိုင်ဘူးဆိုရင်
အာ့နည်းပြကိုထုတ်ပြီး အသစ် တစ်ယောက် ခန့်ပါတယ်။အသစ်ခန့်တဲ့ တစ်ယောက်လည်း အောင်မြင်မှုရဖို့ လမ်းမမြင်ဖူးဆိုရင် နောက်တစ်ယောက်ထပ် ခန့်ပါတယ်။ဒီလိုအပြောင်းအလဲ များစွာကြားမှာ
အသင်းရဲ့ဖွဲ့စည်းပုံ၊ကစားသမားအင်အားနဲ့ အံ့ဝင်ခွင်ကျဖြစ်တဲ့ နည်းပြက အောင်မြင်ပါတယ်။
အသင်းရဲ့ဖွဲ့စည်းပုံနဲ့ ကစားသမား အင်အားက
သေချာစီစစ် တည်ဆောက်ထားတဲ့အတွက် နည်းပြတွေ ဘယ်လောက် ပြောင်းပြောင်း စုပ်ပျက်သွားတဲ့ အခြေအနေအထိ ပုံပျက်မသွားပါဘူး။တူချယ်လ်နဲ့ လမ်းခွဲတော့မယ့် ဘိုင်ယန်မြူးနစ်အသင်းကိုပဲကြည့်ပါ လက်ရှိကစားသမားအစုအဖွဲ့က
နောက်ထပ် အသစ်ရောက်လာမယ့် နည်းပြအတွက်
ဘာမှ ကြီးကြီးမားမား ပြောင်းလဲဖို့မလိုပါဘူး။
ဒါက လူပုဂ္ဂိုလ်ကို အခြေပြုထားလို့ မဟုတ်ပဲ
စည်းစနစ်ကို အခြေပြုထားလို့ပါ။ဆာဂျင်ရက်ကလစ်ပြောသွားတဲ့ "အသင်းက သတ်မှတ်ထားတဲ့ နည်းစနစ်ကို နည်းပြက ကျင့်သုံးရမယ်"ဆိုတာ ဒီသဘောပါပဲ။
လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းရှိ၊မရှိမသိပေမဲ့
ဒီလိုအတွေးအခေါ်က middle club တွေဖြစ်တဲ့
ဘရိုက်တန်တို့ ဝက်ဟမ်းတို့ကိုတောင် အခြေအနေတစ်ခုမှာ တည်တည်ငြိမ်ငြိမ် ထိန်းပေးထားနိုင်ပါတယ်။
ပေါ်တာအပါဝင်၊အဓိက ကစားသမားတွေဖြစ်တဲ့
ကူကူရယ်လာ၊မက်အလစ္စတာ၊ကိုင်စီဒို တို့ထွက်ခွာသွားလို့ ပျက်ဆီးမသွားပဲ ပိုကောင်းတဲ့ ဘရိုက်တန်ကို ဒီဇာဘီလက်ထက်မှာမြင်ရတာ စည်းစနစ်ကျတဲ့ အသင်းရဲ့ ဖွဲ့စည်းပုံကို ဦးထိပ်ထားလို့ပါပဲ။
ဆာဂျင်ရက်ကလစ်တို့ အနေနဲ့
ယူနိုက်တက် style နဲ့လိုက်ဖက်ပြီး မော်ဒန်လောကနဲ့
သလျော်ညီတဲ့ ကစားဟန်တစ်ခုကို အခြေပြုထားတဲ့ဖွဲ့စည်းပုံတစ်ခု တည်ဆောက်ရပါတော့မယ်။
ကျနော်တို့ ယူနိုက်တက်က ကျနော်တို့ အမိမြေလိုပဲ
မလျော်သင့်တဲ့၊ စုပ်ပျက်တဲ့ ဖွဲ့စည်းပုံအောက်မှာ
အချိန်တွေ အကြာကြီး ဖြတ်သန်းခဲ့ရတဲ့အတွက်
11နှစ်ကြာတဲ့အထိ ငရဲတွင်းထဲက ရုန်းမထွက်နိုင်ခဲ့တာပါ။
ဆန်ချို၊ပေါ့ဘာတို့လို ပရိတ်သတ်အကြိုက်
signing တွေကအစ အန်တိုနီလို နည်းပြအကြိုက် signing တွေအဆုံး ငွေကြေးများစွာ ဖြုန်းတီးထား
ပြီးပါပြီ။ဒါကြောင့်အနာဂတ်မှာတော့ အသင်းရဲ့ ဖွဲ့စည်းပုံ
စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့ ကစားသမားတွေကို
စီစစ်ခေါ်ယူတာ မြင်ချင်ပါတယ်။မြင်ရဖို့လည်း မျှော်လင့်ပါတယ်။ဆာဂျင်ရက်ကလစ်သာ လေလုံးပစ်ခဲ့ခြင်းမဟုတ်ရင် မြင်ရဖို့ကြာမယ် မထင်ပါဘူး။
လက်ရှိထွက်ထားတဲ့ သတင်းတွေအပေါ် အခြေခံပြီးပြောရရင် အဂ်လန် DNA project ကို အကောင်အထည်ဖော်ခဲ့တဲ့ Dan Ashworth ကိုခေါ်ယူခန့်အပ်ပြီးHomegrownအခြေပြုမယ့် ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ဖို့ ရည်မှန်းနေတာ မြင်သာပါတယ်။

Comments

Click !

Hey !